Unicode
ဂျေ ပွဲခင်းထဲ ပြန်ဝင်လိုက်ပြီး မောင့်ကို ရှာပုံတော်ဖွင့်ရသည်...
ဂျေ့ကိုလည်း မောင် အတော်လေးပင်စိတ်ပူနေရော့မည်...သူ့အား စနောက်ကာ ထွက်ပြေးလိုက်မိသည်ကပင် ဂျေ့အမှား...
နေရာအနှံ့ကို ခြေတိုအောင်လျှောက်သွားပြီးသည်အထိ မောင့်ကိုရှာမတွေ့သေးပေ...
ဂျေ့က မောင့်ကို ရှာနေပေမဲ့ မောင်က ဂျေ့ကို လိုက်မရှာခဲ့ဘူးလား...ထိုအတွေးဝင်လာတော့ ရင်ထဲမှာ နင့်ခနဲ...ခံစားရခက်လိုက်တာလေ...
မဟုတ်လောက်ပါဘူး...မောင်က ငါ့ကို သိပ်ချစ်တာ...ငါမပါဘဲ အပြင်ထွက်သွားမှာမဟုတ်ဘူး....
ကိုယ့်စိတ်ကို အားတင်းလိုက်ရင်း ခြေလှမ်းတို့ကို ဆက်မိသည်....
တစ်နေရာအရောက်တော့ ရင်ထဲစူးစူးနင့်နင့် ခံစားလိုက်ရသောမြင်ကွင်းက မျက်လုံးထဲကိုတိုးဝင်လာသည်...
ဂျေ့ရဲ့ မောင်က ဒူးပိုက်ခေါင်းစိုက်ကာ ငိုနေသတဲ့လား....ဂျေ့ရဲ့မောင်ကလေ....စိတ်ဓာတ်အရမ်းမာတဲ့ ဂျေရဲ့မောင်ကလေ....
သူ့အနားကို ဂျေ လျှောက်လာပြီး သူ့ဘေးနားရပ်နေသည်အထိ သူကမော့မကြည့်...ဘာကိုမှဂရုမစိုက်သည့်အလား....
နောက်ဆုံးတော့ ရှိုက်ငိုနေ၍ တသိမ့်သိမ့် တုန်နေသော မောင့် ကျောပြင်လေးကို ဂျေ သိမ်းကျုံးဖက်လိုက်သည်...ဂျေ့မျက်နှာကိုတော့ မောင်ကျောပြင်ကို အပ်လိုက်ရင်း....
____________________
လီ့ ဘေးနား လာရပ်သော ခြေအစုံကို သတိထားမိလိုက်ပါ၏...လီ့ ရဲ့တစ်ဦးတည်းသော ချစ်ရသူ ဂျေ့မူပိုင် အငွေ့အသက်လေးကိုလည်း အမိအရခံစားလိုက်ရပါ၏....
သို့သော်ငြား မော့မကြည့်ရဲရသည်မှာ ကွဲအက်နေပြီဖြစ်သော နှလုံးသားလေး တစ်စစီပဲ့ကျသွားမည်စိုး၍သာ....
ရုတ်တရက် ကျောပြင်ဟာ နွေးထွေးသွားရပြီး လီ့တစ်ကိုယ်လုံးဟာ အနောက်မှ တစ်စုံတစ်ယောက်၏ ဖက်ထားခြင်းကိုခံလိုက်ရ၏....အသက်ရှူထုတ်လိုက်သော လေငွေ့နွေးနွေးဟာလည်း ကျောပြင်ပေါ်ကို ခပ်ညင်းညင်း....
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...