Unicode
အိပ်မက်ထဲလိုလို လက်တွေ့ဘဝထဲလိုလိုပါပဲ....သိပ်မသည်းကွဲ.....
မောင့် ကိုဂျေက တောင်းပန်နေတာ....
မောင့် ရှေ့မှာ ဒူးထောက်ချပြီးကို ဂျေ တောင်းပန်နေမိတာ...."ထားမသွားပါနဲ့......."
"မောင် မရှိဘဲ မနေတတ်တော့အောင် မောင် ဂျေ့ကို ပုံသွင်းထားခဲ့ပြီမို့ မထားခဲ့ပါနဲ့...
ဂျေ တောင်းပန်ပါတယ်....မထားခဲ့ပါနဲ့နော်...."ဂျေ ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းတွေဟာ
ချောင်းငယ်တစ်ခုပင် ဖြစ်ရော့....မောင်ကတော့ ဂျေ့အရှေ့ မတ်တပ်ရပ်လျက်ပင်....
အရင်လို ဂျေ့မျက်ရည်တွေကို တယုတယ
သုတ်မပေးတော့ပေ.....ဂျေ့ရဲ့ ရှိုက်သံတစ်ခုကသာလျှင် တိတ်ဆိတ်ခြင်းကိုဖြိုခွဲနေ၏....
ဂျေ မတ်တပ်ထရပ်လိုက်ကာ
ကိုယ့်မျက်ရည်ကိုယ် လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်....."ဂျေ့ ကို မျက်ရည်မကျအောင် ထားချင်တာလို့
ပြောပါအုံး လူဆိုးကြီးရဲ့......."ဂျေ သူ့ရင်ခွင်ထဲပစ်ဝင်ကာ သူ့ရင်ဘတ်ကို ထုရိုက်နေမိသည်...
သို့ပေမဲ့ သူက မလှုပ်မယှက်သာ....ရပ်မြဲရပ်ဆဲ...ငြိမ်ရပ်နေတဲ့ သူ့ရင်ခွင်ထဲက ပြန်ထွက်ပြီး သူ့မျက်နှာကို မော့ကြည့်မိသည်...
ဂျေ့ကို ကြည့်တဲ့ သူ့အကြည့်တွေဟာ ခပ်နွမ်းနွမ်းရယ်...
နာကျင်မှုတွေကိုလည်း သူ့မျက်ဝန်းမှတစ်ဆင့် ဂျေ ခံစားမိနေ၏..."မောင်....ဂျေ့ကိုတစ်ခုခုပြောပါအုံးလေ...
ဂျေ ဘာမှားခဲ့လို့လဲ....."ထိုသို့ပြောတော့ သူက ဂျေ့လက်တွေကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်းက....
"ဂျေ ဘာမှမမှားခဲ့ဘူးနော်...
ဒါလေးတော့ အမြဲမှတ်ထားပေးပါ....
ဒီလမ်းကို မောင် ကျေကျေနပ်နပ်ကြီးရွေးခဲ့တာမို့ ဂျေ့အမှား ၊ ဂျေ့ အပြစ် တစ်ခုမှ မဟုတ်ပါဘူးကွယ်....
မောင်သွားတော့မယ်........"သူက ဆုပ်ကိုင်ထားတဲ့ ဂျေ့လက်တွေကို ဖြုတ်ချပြီး ဂျေ့ကို ကျောခိုင်းကာ ထွက်သွားလေပြီ....
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...