Unicode
အလွမ်းဒဏ်ကို သည်းမခံနိုင်တော့ပြီမို့
ခံစားချက်တို့ကို စာရွက်ပေါ်တွင် သီကုံးလိုက်သည်...ခေါင်းစဉ်ကတော့ မောင့်အတွက် တဲ့လေ...
"ကြီးမြရေ...ကြီးမြ...."
အခန်းထဲမှ အသံစူးစူးလေးဟာ ထွက်ပေါ်လာသည်...
"ဟုတ်ကဲ့ မမလေး...ဘာခိုင်းစရာရှိလို့ပါလဲ.."
"ဟိုတစ်ခါ ကျွန်မ ရေထဲကျသွားတုန်းက ကယ်ပေးတဲ့ သခင်လေးကို မှတ်မိလား..."
"ဟုတ်.. မှတ်မိပါတယ် မမလေး...."
"ဒါဆို ဒီစာကို သူ့ဆီသွားပေးပေးပါ...သူက
စံရိပ်ငြိမ် တည်းခိုဆောင်မှာ တည်းတယ်...""ဟုတ်ကဲ့.. ကျွန်မ ဘာပြောခဲ့ရအုံးမလဲ..."
"ဟင့်အင်း...ရတယ်...စာနဲ့တင် လုံလောက်ပြီထင်ပါတယ်...."
"ဟုတ်ကဲ့..."
ဆက်သွယ်ရေး ကိရိယာများမထွန်းကားသေးသော ခေတ်မှာ ချစ်ရသူကို အလွမ်းသယ်ရန် သိပ်ခက်လှသည်လေ....
•••
"လီ...ဒီမှာ မင်းအတွက်တဲ့...."ယောင်း ပစ်ပေးလိုက်သော စာအိတ်ဟာ
လီ့ စားပွဲပေါ်ကို ဘုတ်ခနဲ..."ဘယ်ကလဲကွ..."
"မသိဘူးလေ..."
နှစ်ယောက်စလုံးဟာ စကားနည်းသူဖြစ်၍ စကားအရှည်ကြီးပြောလေ့ မရှိသူများဖြစ်တာကြောင့်
ကြားရသော စကားများမှာ နားဝင်တော့ချိုလိမ့်မည်မဟုတ်ဟုထင်သည်...."မသိဘဲနဲ့ ယူလာရသလား...ချောက်တွန်းလို့ရတဲ့ သက်သေတစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ..."
"မင်းကလည်း သံသယဝင်ဖို့ချည်းပဲ..
အခုဟာက သံသယဝင်စရာလည်းမကောင်းပါဘူး...
အဒေါ်ကြီးတစ်ယောက်လာပေးတာ...
ပြီးတော့ မင်း ဒီမှာနေမှန်း ဘယ်သူသိလို့လဲ....""အေး...ဟုတ်သားပဲ..."
လီ စာအိတ်အဝါရောင်လေးကို တစ်ချက်ကြည့်လိုက်တော့ စာအိတ်ပေါ်တွင် လက်ရေးဝိုင်းဝိုင်းလေးဖြင့် ရေးထားသည်မှာ...
မောင့်အတွက်တဲ့.....
ထိုစာကိုမြင်တော့မှ ထပြုံးသော ကိုယ်တော်ချောက်ို ယောင်း ဆွဲရိုက်ချင်လာသည်....
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...