Unicode
"ငါမင်းကို အများကြီး အရိပ်အမြွက်တွေပေးခဲ့တယ်...ပြောခဲ့တယ်....
မင်းကို ငါကိုယ်တိုင်ဒီအကြောင်းတွေ
တိုက်ရိုက်ပြောရလောက်သည်အထိလည်း ငါ မသန်မာဘူးလေ....."ယောင်းက တောင်းပန်တိုးလျှိုးတဲ့ လေသံလေးနဲ့ပဲ ဖြေးညင်းစွာဆိုသည်...
"အင်း...ရပါတယ်ကွာ...
ဖြစ်တာတွေလည်းဖြစ်ပြီးကုန်ပြီပဲ ဘယ်တတ်နိုင်ပါ့မလဲ....
အတိတ်ကိုပြင်လို့မရတော့ အနာဂတ်ကိုပဲ ပုံဖော်ရတော့မှာပေါ့...."လီတစ်ယောက် ယောင်းရဲ့ ကျောပြင်အထိ လက်နဲ့သိုင်းယှက်ကာ ပွေ့ဖက်လိုက်တော့ ယောင်းက သိမ်ငယ်စွာပဲဤသို့ဆိုလာ၏....
"တကယ်တော့ ငါလည်း ဒီလိုအားပေးမဲ့တစ်စုံတစ်ယောက် လိုအပ်နေခဲ့တာ...."
လီလည်း ဖက်ထားတဲ့လက်တွေကို ဖြေလျှော့ကာ
ယောင်းရဲ့ ပုခုံးနှစ်ဖက်ပေါ်ကို အားပါပါဆုပ်ကိုင်ထားလိုက်သည်...."ငါတို့ သူငယ်ချင်း နှစ်ယောက်...
တစ်ယောက်အတွက် တစ်ယောက်ရှိပေးကြတာပေါ့....
ဘာကိစ္စပဲရှိလာလာ တူတူရင်ဆိုင်ကြမယ်
စိုင်းလွင်ယောင်း...."ယောင်း ပုခုံးပေါ်တင်ထားတဲ့ လီ့ရဲ့လက်တွေကို အပေါ်က တစ်ထပ်အုပ်ကိုင်ပြီး လီ့မျက်နှာကို စေ့စေ့ကြည့်လိုက်ကာ....
"အေး...ဟုတ်ပြီ....စဝ်ခွန်လီ..."
ကျွန်းစားပွဲအတိုလေးရှေ့မျက်နှာချင်းဆိုင်ထိုင်ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
ခါးမှာအဆင်သင့်ချိတ်ထားတဲ့ ဓားမြောင်လေးကို ကိုယ်စီဆွဲထုတ်လိုက်ကြ၏....မျက်စိတစ်မှိတ်အတွင်းမှာပဲ ဓားမြောင်ရဲ့ ထိပ်အချွန်တွေဟာ လီနဲ့ယောင်းရဲ့ လက်မောင်းထဲကိုအသီးသီး စိုက်ဝင်သွားကြသည်....
ဓားအချွန်ဟာ အသားထဲမှ ပြန်ထွက်လာသည်အထိ တစ်ချက်မှတွန့်ဆုတ်ခြင်းမရှိခဲ့ဘဲ နှစ်ယောက်ရှေ့က ကြွေပန်းကန်ထဲ သွေးကိုဖောက်ထည့်လိုက်ကြ၏.....
"စဝ်ခွန်လီနှင့် စိုင်းလွင်ယောင်းတို့
သွေးသောက်သူငယ်ချင်းအဖြစ် ယခုမှစ၍ခံယူပါသည်...ပျက်ကွက်သူ သွေးအန်သေပါစေ...."
ČTEŠ
Royal
Fanfikceပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...