part (31)

580 78 6
                                    

Unicode

ဂျေနဲ့ မတွေ့ရတာ တစ်နေ့တောင် ရှိသွားခဲ့ပြီ။

ဆောင်းရာသီက အချုပ်ခန်းထဲမှာ ပို‌အေးသည်ထင်ရဲ့။ စိမ့်နေအောင် အေး၏။

ကျွန်းတိုင်တွေနဲ့ ကာထားတဲ့ အချုပ်ခန်းလေးထဲက‌နေ ကောင်းကင်ကြီးကို လီ မော့ကြည့်မိသည်။

လပြည့်ကျော် တစ်ရက်မို့ လမင်းကြီးက ဝိုင်းစက်နေတုန်းပင်။ တိမ်ကင်းစင်နေသောကြောင့် ကြယ်လေးတွေကိုပါ ရှင်းရှင်းလင်းလင်းမြင်နေရ၏။

ကြယ်ပေါင်းများစွာ ရှိနေပေမဲ့ ထိုကြယ်တစ်လုံးက အမြင်အာရုံထဲ ကွင်းကွင်းကွက်ကွက်မြင်ရ၏။

လီ ထိုကြယ်နှင့် လမင်းကြီးကို ငေးကြည့်ရင်း
ကဗျာတစ်ပုဒ်ကို လက်တန်းကောက်စပ်လိုက်မိသည်။

                   သော်တာ နဲ့ သောကြာ

                ခွဲမခွာ တူယှဉ်တွဲကာဖြင့်
                ထွန်းလင်းကြ ကောင်းကင်မှာ
                သော်တာ နဲ့ သောကြာ

                တိမ်ပင်လယ် ကွယ်ကာဖုံး၍
                လသော်တာ မသာနိုင်သော်
                သူလိုက်ပင် ပုန်းကာမြဲ
                ဖိုးသောကြာတဲ့....

                ကြယ်ဝဠာ ကာရန်ဝန်းလည်း
                သူ့သောကြာသာ အလင်းဆုံး ပါတည့်
                ဤမှာ သော်တာ့ ခံယူချက်...
   
                သူတို့ကိုမြင် ကိုယ့်စိတ်တွင်ဝယ်
                တောင်းဆုတစ်ခု ပြုမိပါသည်
                ချစ်သောသူတိုင်း ပေါင်းရစေဟု~
        
                                                     
ဂျေ....
သောကြာကြယ်က ကြယ်တွေအားလုံးထဲမှာ အလင်းဆုံးဖြစ်နေတာ ဘာလို့လဲ သိလား။
ငွေလမင်းရဲ့ အားကိုးနဲ့ပဲ ဖြစ်မယ်ထင်တယ်။

‌ဂျေ....
ကြယ်တွေကို မရေကောင်းဘူးတဲ့။ ဘာလို့မှန်းတော့ မသိပေမဲ့ ဂျေ့ကိုချစ်တဲ့ အချစ်တွေက ကြယ်တွေထက်များတာတော့ သေချာတယ်။

ဂျေ....
ညအချိန် မြက်ခင်းပြင်ကြီးပေါ်မှာ နှစ်ယောက်သားလှဲအိပ်ရင်း ကောင်းကင်ကြီးကို ကြည့်ချင်လိုက်တာ။
ဒီဘဝမှာ ဖြစ်နိုင်သေးရင်ပေါ့။

RoyalWhere stories live. Discover now