Unicode
"ဒါဆို ဂျေက မောင့်အတွက် မိုက်မဲမှုကို စလုပ်ချင်တယ်မောင်...ဖြစ်ရဲ့လား..."
တောင်ပေါ်မှာမို့ လေတိုးသံတွေဟာ ဝူးဝူးဝါးဝါး...
သူမရဲ့စကားဟာ ဘယ်အဓိပ္ပာယ် သက်ရောက်သွားသလဲ ဆိုတာ သူမသိပါရဲ့လား....
"ဂျေ ပြောတဲ့စကားရဲ့ အတိမ်အနက်ကို ဂျေသိရဲ့လား...."
သူရဲ့ စကားသံတွေဟာ အဖျားခတ်လာသည်..ရင်ထဲဆို့တစ်လာလို့များလား...
"ဂျေ မြန်မာစကားကို ကောင်းကောင်းနားလည်တတ်ကျွမ်းတယ်လို့ ပြောရင် မောင် ယုံမှာလား..."
လီ ခေါင်းသာ အခါခါညိတ်မိသည်ထင်ပါရဲ့...
သူမလေးက ရင်ခွင်ထဲတိုးဝင်လာသည်မို့ အလိုက်တသိလေး ဖက်ထားပေးလိုက်သည်...
"ဂျေ ထင်သလို ကိုယ်ဟာ ယောက်ျားလေးမဟုတ်..."
"ဂျေ သိတယ်မောင်..."
စကားကိုဆုံးအောင်ပြောခွင့်တောင် မပေးတော့ပါလား ချစ်ရသူရယ်...
"ဒါဆို မောင်လို့ခေါ်တာက..."
"နာမည်ဆိုတာ ပညတ်ချက်တစ်ခုပါပဲ မောင်...
ဒါပေမဲ့ ဂျေကတော့ မောင်လို့ပဲခေါ်ပါရစေ...နော်..."ရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရသည်မို့ ရင်ခွင်ထဲက အကောင်ပေါက်လေး၏ မျက်နှာအား ဆွဲမော့လိုက်ရင်း...
"မငိုပါနဲ့ ဂျေ....မောင့်ကို ချစ်မိလို့ ကျရတဲ့ မျက်ရည်တွေဆို မောင် မကြည့်ရက်ဘူး...."
"မဟုတ်ဘူး မောင်...
မောင့်ကြောင့်ကျတဲ့ မျက်ရည်တွေမဟုတ်ရပါဘူး....
မောင့် ဆီက ချစ်တယ်ဆိုတဲ့ စကားကြားပြီးရ ကတည်းက ဂျေ ဝမ်းသာလို့ကျတဲ့ မျက်ရည်တွေပါ...."လီ သူမရဲ့ မျက်ရည်တွေကို ခပ်ဖွဖွသုတ်ပေးရင်းကပဲ...
"ဒါဆို ဂျေက ဟန့်အမ်နန့်ရဲ့ အဓိပ္ပာယ်ကို နားလည်ခဲ့တယ်ပေါ့လေ..."
"ဟုတ်တယ်မောင်....
ဂျေ ရှမ်းစကားကို နားလည်သင့်သလောက်တော့ နားလည်ပါတယ်...""ဒါဖြင့်လည်း မငိုနဲ့တော့...
မောင် ဂျေ့ မျက်ရည်တွေကို သုတ်မပေးချင်ဘူး....."
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...