Unicode
ဟော်နန်းမှာ သီတင်းတစ်ပတ်ပြည့်အောင် နေခဲ့ပြီမို့ ဒီညတော့ ပြန်တော့မည်ဟု လီ ဆုံးဖြတ်ထားသည်...
ချစ်ရသူကိုလည်း လွမ်းလှပြီ...
ရုတ်တရက်ကြီး ထွက်လာခဲ့ရသည်မို့ သူမကို အသိပေးချိန်မရခဲ့ပါ...ယခုတော့ ဂျေဟာ စိတ်ဆိုးနေမည်လား ၊ စိတ်ကောက်နေမည်လား ၊ စိတ်ပူနေမည်လား ၊ စိတ်ကုန်သွားပြီလား...
လီ ဆုတောင်းပါမည်...နောက်ဆုံးတစ်ခုတော့ မဖြစ်ပါစေနဲ့လို့...
•••
ဟော်နန်းအတွင်းရှိ စားဖိုဆောင်သို့ လီ လျှောက်လာမိသည်...
လီ့ကို မြင်တော့ စားဖိုဆောင်ထဲမှ အစေခံများ လှုပ်လှုပ်ရွရွဖြစ်သွားကြ၏...
တစ်ဦးတစ်ယောက်သာလျှင် လုပ်လက်စအလုပ်ကို အာရုံစိုက်နေသဖြင့် လီ့ ကိုသတိပြုမိဟန်မတူပါ...
နောက်ကျောလေးကို မြင်ရုံဖြင့် တန်းသိလိုက်ရသည်မှာက ဝသုန်...
"ဝသုန်...."
"အော် သခင်မလေး...ဘာများအလိုရှိလို့ပါလဲ...စားဖိုဆောင်အထိ သခင်မလေး မလာလို့ရပါတယ်...ဝသုန့်ကို ခေါ်ခိုင်းလိုက်ရော့ပေါ့..."
"မဟုတ်တာ...လီ ကိုယ်တိုင် ဒီကိုလာချင်စိတ်ရှိနေလို့ပါ..."
"ဟုတ်ကဲ့...ဘာသုံးဆောင်ချင်ပါသလဲ သခင်မလေး..."
"ရှမ်းတိုဟူးပျော့ နဲ့ ရှမ်းခေါက်ဆွဲ...
လီ စားနေကြအတိုင်းပဲ ရှမ်းခေါက်ဆွဲက အရည်နဲ့နော်....မေ့နေမှာစိုးလို့...""ဝသုန်က သခင်မလေး နဲ့ပတ်သက်တဲ့အရာမှန်သမျှကို မမေ့ပါဘူး...သခင်မလေးကသာ ဝသုန့်ကို မေ့နေတာမလား..."
"မမေ့ပါဘူး ဝသုန်ရာ...သတိမရတာလေး တစ်ခုပဲ..."
သခင်မလေးဟာ ယခုကဲ့သို့ မထင်ရင် မထင်သလို စနောက်တတ်ပါသေးသည်... သခင်မလေးဟာ ညှို့ယူနိုင်တဲ့ အတတ်ကိုတတ်ကျွမ်းထားလေသလားဟု ဝသုန် တွေးမိပါသည်...
သဘောကျတာထက်ကို ပိုပါတယ် သခင်မလေး...
"သခင်မလေးက အရင်အတိုင်းပဲနော်...စနောက်ကျီစယ်တတ်တုန်းပဲ..."
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...