Unicode
။လဆုတ် ၁၅ ရက်။
မောင် ဂျေ့ဆီမလာတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်...အကျိုးအကြောင်းမပြောဘဲ ပျောက်နေသည်မို့ မျှော်ရသူမှာ ရင်ဖိုရ၏...
အကူအညီတောင်း၍ရမည့်သူမှာလည်း အထိန်းတော်ကြီးကလွဲ၍ မရှိသောကြောင့်..
"ကြီးမြရေ...အပြင်မှာရှိလား.."
"ဟုတ်ကဲ့မမလေး..."
အထိန်းတော်ကြီးဟာ ဂျေ့ အလိုကိုဖြည့်ဆည်းပေးဖို့ အမြဲအသင့်ရှိနေခဲ့သည်..
"ကျွန်မကို ပန်းချီလာလာသင်ပေးတဲ့ သခင်လေးလေ..."
"ဟုတ်..."
"သူမလာတာ တစ်ပတ်လောက်ရှိပြီမလို့ သူ့တည်းခိုဆောင်ကို သတင်းသွားမေးပေးပါလား..
ဖျားနာနေသလား မသိလို့...""ဟုတ်ကဲ့ပါမမလေး...."
အထိန်းတော်ကြီးဟာ ဂျေ့ အလိုကျ မောင့်ဆီကို သတင်းသွားမေးတော့တယ်...
•••
။ရှမ်းပြည်နယ်တောင်ပိုင်း ၊ စဝ်ဟော်နန်း ။"မယ်မယ်ဘုရား...အစ်ကို ဝသန်ကို လီ့ဆီအခေါ်လွှတ်လိုက်ရတဲ့အကြောင်းက..."
"ဟုတ်တယ် သမီးတော်...အဲအကြောင်းကို စိုင်းလွင်ယောင်းက သမီးတော်ကိုပြောပြီးရော်ပေါ့..."
မယ်မယ်က စိုင်းလွင်ယောင်း လီ့ဆီလာတာ ဘယ်လိုသိလိုက်ပါလိမ့်...
လီ့ နောက်ကို မသိအောင် လူလွှတ်ထားတာလား...
ဒါဆို ဂျေ နဲ့ လီ့ အကြောင်းကိုရော...စိုးရိမ်စိတ်တွေဟာ အရပ်လေးမျက်နှာမှဝင်ရောက်လာသည်...သို့ပေမဲ့ မူမပျက်အောင် နေပြရမည်...
"ဟုတ်ပါတယ် မယ်မယ်...ဒါပေမဲ့ ခမည်းတော်ရဲ့ ရတနာပစ္စည်းအကြောင်းကို လီ မသိရသေးပါဘူး..."
ခမည်းတော်အကြောင်းပြောလိုက်တော့ မယ်မယ့် မျက်နှာဟာ ညှိုးမှိန်သွားသည်...သွားလေသူကို လွမ်း၍လားတော့ မပြောတတ်...
"အင်း...သမီးတော်က ဘယ်သိလိမ့်မတုန်း...အဲ ရတနာပစ္စည်းဆိုတာ ဒီဟာလေးပဲ..."
မယ်မယ်က ကျောက် အသေးစားလေး တစ်လုံး
ကို ယွန်းသေတ္တာထဲမှ ထုတ်ပြလာသည်...
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...