Unicode
"အေး...သေလိုက်စမ်း စဝ်ခွန်လီ...ထားခဲ့မိလိုက်တာကိုက မင်းအမှားပဲ"
ဈေးတန်းထဲမှာ အရူးမီးဝိုင်းဖြစ်နေသော လီ့ကို တစ်စုံတစ်ဦးက ပြောလိုက်သောစကား...
လှည့်ကြည့်လိုက်တော့ လှောင်ပြုံးပြုံးနေသောမျက်နှာထားနဲ့ကြည့်နေတဲ့ စိုင်းလွင်ယောင်း...
"ဟျောင့်...စိုင်းလွင်ယောင်း..ဂျေ့ကို ခေါ်သွားတာမင်းလား..."
ယောင်း၏ အင်္ကျီကော်လံစကို လက်တစ်ဖက်ကတင်းတင်းဆွဲကာ ကျန်တစ်ဖက်က လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်...
"ဟာ...ဟျောင့် စိတ်လျှော့ပါကွာ...မင်း ကောင်မလေးဘာမှမဖြစ်ဘူး...ဟိုနားက အထည်ဆိုင်မှာ..."
ယောင်း လက်ညှိုးညွှန်ရာအရပ်ကို ကြည့်လိုက်တော့ လီ့၏ ရွှေရင်အေးလေးကို တွေ့လိုက်ရသည်...
အုန်းသီး၊ ပေါင်မုန့် ၊ ကျောက်ကျော၊
သကာရည်တို့ရောထားသော အစားအစာကို ရွှေရင်အေးလို့ တစ်နိုင်ငံလုံးက လက်ခံထားကြလို့ လီ့မှာ ဂျေ့ကို ပြပြီး ငြင်းရအုံးမည်..."ဟူး...တော်ပါသေးရဲ့...ဒါနဲ့မင်းက ဘယ်လိုရောက်လာတာလဲ..."
"ငါလား...ငါက ဒီလိုပဲ လျှောက်သွားနေတဲ့ကောင်လေ..."
ယောင်းရဲ့စကားအဆုံးမှာ လီ စိတ်မသက်မသာဖြင့် သက်ပြင်းအရှည်ကြီးချမိသည်...
"ယောင်း..အရင်လိုပဲနေပါကွာ...မင်းဟာ သခင်မလေးတစ်ယောက်ဆိုတာကို မေ့နေပြီလား..."
"မေ့သင့်လို့ မေ့လိုက်ရတယ်ပဲဆိုပါတော့ကွာ..."
ယောင်းက ခေါင်းကို အသာအယာ ခါယမ်းကာ နာကျည်းစွာဆိုသည်...
"ဒါတွေဟာ ငါ့ မယ်မယ်ရဲ့အပြစ်တွေပါကွာ...သူ့အစား ငါကပဲ...."
"မတောင်းပန်နဲ့ လီ...မင်းနဲ့ ငါ့ကြားမှာ တောင်းပန်တာတွေ ကျေးဇူးတင်တာတွေမလိုဘူး..."
"အေးပါကွာ...စကားမစပ် ကင်မ်ဂျီဆူ ကရော်...မင်းတို့အဆင်ပြေရဲ့လား..."
"သူက နယ်စပ်မှာပဲကျန်ခဲ့တယ်လေ...
အေး...ပြေတယ်ပဲပြောရမှာပေါ့...
ဒါနဲ့ မင်းကောင်မလေးနဲ့ မင်းအကြောင်းကို သခင်မကြီးက သိသလား..."
YOU ARE READING
Royal
Fanfictionပေါင်းဖက်ဖို့ဆုတောင်းခဲ့တာ ဘဝအဆက်ဆက်မလား မောင်... နည်းလွန်းမှာစိုးတာနဲ့ အသင်္ချေတွေထိပါ ထပ်ဆုတောင်းထားလိုက်တယ်...