part (32)

644 79 32
                                    

Unicode

ဒုတ်...ဒုတ်...ဒုတ်...

မာကြော‌တဲ့ အရာနှစ်ခုကို ရိုက်ခတ်သံဟာ နားထဲဝင်ရောက်လာသည်။ သို့ပေမဲ့ မည်သည့်အသံဟု ဝေခွဲ၍မရ။

ခန္ဓာကိုယ်အတွင်းပိုင်း သွေးကြောတွေအထိ အေးစိမ့်မှုကို ခံစားမိလာပြန်၏။
အနွေးဓာတ်အနည်းငယ်ပင် ရလို ရငြား ဒူးကိုကွေးကာ ပိုက်ထားမိပြန်တော့လည်း အေးစက်နေသော ခြေထောက်တို့ကြောင့် အ‌နွေးဓာတ်မရရှိပေ။

လေးလံနေသောမျက်ခွံတို့ကြောင့် မျက်လုံးပိတ်လျက်သားဖြင့် စောင်ကိုလိုက်စမ်းတော့ လက်ထဲပါလာသည်က စိုစိစိအဖတ်များ။

အော မေ့ပါရောလား။
အချုပ်ထဲမှာအိပ်ရနေသည်ကိုး။ ကောက်ရိုးတွေတောင် နှင်းရည်တွေကြောင့် စိုဖတ်ဖတ်နဲ့။

"ထစမ်း....!!!"

ကျစ်...စောစောစီးစီး ငှက်ဆိုးထိုးသံပဲ။

လီ အိပ်နေရာမှ ကောက်ထလိုက်တော့ ခေါင်းဟာ
ရိပ်ခနဲ။ တဆစ်ဆစ် ထိုးကိုက်လာတဲ့ခေါင်းကြောင့် နားထင်ကို လက်ဖြင့် ဖိကိုင်လိုက်ရင်းက
အပြင်ဘက်က အစောင့်တပ်သားနားကို သွားရသည်။

အချိန်ဟာ မနက်အရုဏ်ပင်မတက်‌သေး။

ဒီအချိန် ဂျေ အိပ်မောကျနေတုန်းပဲရှိမှာ။

မျက်လုံးနှစ်လုံးပွင့်ကတည်းက စဉ်းစားမိတာ
မင်းအကြောင်း။
ဤကဲ့သို့ပင် သူမဟာ လီ့အတွေးတွေကိုစိုးမိုးထား၏။

အစောင့်တပ်သားဟာ အချုပ်ခန်းသော့ကိုဖွင့်လျက်ပြောသည်။

"ဆာဂျင်က မင်းကိုခေါ်ခိုင်းလိုက်လို့။"

ခေါ်တော့ လိုက်သွားရုံကလွဲ၍ လီ တတ်နိုင်သည်မရှိ။

_______________________________________

ခန်းမဆောင်တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အအေးဓာတ်က အလိုလိုလျော့သွားသည်ဟု ခံစားလိုက်ရ၏။

အတွင်းဘက်ကျကျထောင့်က စားပွဲမှာ ထိုင်လျက် စောင့်နေတဲ့ ဘုရင်ခံချုပ်ကိုတွေ့တော့
နောက်ကျောပင် မတ်သွားရသည်။

လီ့ကို မြင်တော့ ပြုံးလျက်က ကြိုဆိုသည်။

"စဝ်ခွန်လီ...ထိုင်ပါအုံး။"

RoyalWhere stories live. Discover now