part (21)

691 84 26
                                    

Unicode

အေးစိမ့်စိမ့်ခံစားမှုနှင့်အတူ လစ်လပ်မှုတစ်ခုကို
အလိုလိုပင် ခံစား‌မိကာ အိပ်ရာမှနိုးလာခဲ့သည်...

မျက်လုံးကို ဖွင့်မကြည့်နိုင်လောက်သည်အထိမျက်ခွံတို့ကတော့ လေးလံလျက်ပင်ရှိသေး၏...

မှန်ပြတင်းဆီက ဖြာထိုးနေကျ နေရောင်သည်ပင် မျက်စိအား အနှောက်အ‌ယှက်မပေးသေးသည်မို့ မနက်အရုဏ်ပင် မတက်သေးရော့သလား...ဒါမှမဟုတ် ဆီးနှင်းတို့ပဲပိတ်ဖုံးနေသလား...

လီ အိပ်ရာနိုးချိန်တိုင်း ခံစားရတဲ့ လီ့ ရင်ခွင်ကလာသော အထိအတွေ့ဟာ ‌ပျောက်ရှနေသလို....

မျက်ခွံတို့ကို အားယူဖွင့်ကာ စူး‌စမ်းတော့ နှစ်ယောက်အတူအိပ်စက်ခဲ့သည့် အိပ်ရာမှာ အခုတော့ လီ တစ်ယောက်တည်း....

အတွေးတို့ဟာ ညကအဖြစ်အပျက်ကို ပြန်တွေးမိတော့ နှုတ်ခမ်းသားထူထူတို့ဟာ ကွေးညွှတ်မိလျက်သား....

အခုလည်း စောစောစီးစီး မထမဖူး အထထူးလို့...
ဒီကောင်မလေး လီ့ ကိုရှက်ပြီး မျက်နှာချင်းမဆိုင်ရဲဘူးထင်ပါရဲ့လေ...

‌ကုတင်ညောင်စောင်းပေါ်ရှိ အိပ်ရာနွေးနွေးက ထွက်ကာ ဝတ်ရုံရှည်ကို ခြုံပြီး မှန်ကြေးမုံရှေ့ ရပ်မိတော့ ပြုံးမိပြန်သည်...

လီ့ ကိုယ်ပေါ်မှာ ဂျေ့ရဲ့ ပိုင်ဆိုင်‌ကြောင်း
တံဆိပ်တွေဟာ ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့...

အခုတော့ လီ့ကို ရှက်လို့ ရှောင်ပြေးနေတဲ့ မဟေသီလေးကို လိုက်ရှာရအုံးမည် ဟုဆုံးဖြတ်လိုက်ကာ ဂုတ်ပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို စည်းနှောင်ဖို့ လုပ်နေတုန်း....

"ခလွမ်း....."

တစ်စုံတစ်ခု ကျကွဲသံဟာ စူးစူးဝါးဝါး...တေးဆိုနေတဲ့ ဆောင်းခိုငှက်တို့ပင် ထပျံကုန်ရော့ထင့်....

အသံလာရာဟာ အိမ်တော်ရဲ့ မီးဖိုချောင်ဘက်ဆီကမို့ စိုးရိမ်စိတ်က ငယ်ထိပ်ကိုဆောင့်တက်လာ၏...
ဂျေလည်း ပျောက်နေသည်မဟုတ်ပါလား...

ဂျေ မီးဖိုချောင်ဝင်ရသည်က လီ့ အတွက်မနက်စာတစ်ခုခု ပြင်ဆင်ဖို့အတွက်လားဟု ကြည်နူးစရာအတွေးကို တွေးမိပြန်တော့ နှလုံးသားဟာ ငြိမ့်ညောင်းစွာခုန်သည်.....

RoyalHikayelerin yaşadığı yer. Şimdi keşfedin