ဆုံတွေ့ခြင်းတစ်ခုမှာ
အချစ်ရှိလာမယ်ဆိုရင် အဲ့တာက
အသေအချာ ပျော်ရွှင်စရာလဲ ပါသလို
နစ်မွန်းစရာတွေ
စိတ်ညစ်စရာတွေလဲ ရှိနေတတ်စမြဲပဲ ။ကျွန်တော်က ကြွေကျပြီးသား
သစ်ရွက် နီ ဝါလေးတွေ မြေပေါ်
ပြန့်ကျဲနေရင် သိပ်သဘောကျတယ်
သူများနဲ့မတူပဲ သောက်ဆေး
အနံ့တွေကိုလဲ အသားကျနေပြီ။မေမေဆုံးပြီးထဲက ညဘက်တွေ
အိပ်ပျော်ဖို့အတွက်
အိပ်ဆေးတစ်ချို့နဲ့ အဖော်ပြုရတယ် ။
ညတွေ နက်လာလေ အတွေးများလေ
ဖြစ်တဲ့ကျွန်တော်က
ဆေးလိပ်ငွေ့တွေကြား အချိန်ဖြုန်းတတ်ခဲ့တယ် ။မေမေ့ကို ဆုံးရှုံးလိုက်ရပြီးတည်းက
ကျွန်တော်မှာ
ဒီထက် ဆုံးရှုံးစရာ မရှိတော့သလို
နေထိုင်ခဲ့တယ် ။
ဟွာဖြောင်း ကြောင့်သာ မဟုတ်ရင်
ကျွန်တော့်ဘဝက တကယ်
စုတ်ပြတ်နေလောက်ပြီ ။ဖြစ်သလိုနေလာတဲ့ နှစ်တွေအတွင်း
ကပိုကရိုအဝတ်အစားတွေနဲ့ပဲ
ကျွန်တော့်ကိုယ်အပေါ် နေရာ ယူနေခဲ့တာမျိုး။လအနည်းငယ်လောက်က
ဟွာဖြောင်း မိသားစုက
သူတို့ဆီပြောင်းလာနေဖို့ ပြောလာတာမို့
အားနာတတ်သည်ကတစ်ကြောင်း
သူများအား ဒုက်ခ မပေးချင်သည်က
တစ်ကြောင်းမို့ ငြင်းဖြစ်အောင်ငြင်းခဲ့သည်။ညဘက်ကြီး အဝတ်အစား ပစ္စည်းတွေ
အတင်းလာသိမ်းတဲ့ ဟွာဖြောင်းကြောင့်သာ
မတတ်နိုင်တဲ့အဆုံး လိုက်နေဖြစ်သည် ။
စရောက်တဲ့နေ့ထဲကစလို့ ကျွန်တော့်အပေါ်
တစ်မိသားစုလုံး သားအရင်းလို ဂရုစိုက်သည် ။
ထိုနေ့တွေကစလို့ အရင်ကထက် အတတ်နိုင်ဆုံး
ပုံစံတွေကအစ ပြုပြင်ဖြစ်သည်။-----------------------
လက်ကနာရီကို မြှောက်ကြည့်လိုက်တော့
အတန်းပြီးတော့မဲ့ အချိန်ဖြစ်တာကြောင့်
ဂျုံအင် ပစ္စည်းများအား အိတ်ထဲသို့
ထည့်သိမ်းလိုက်သည် ။
ဘေးက အိပ်မောကျနေတဲ့
ဟွာဖြောင်းကတော့
တုပ်တုပ်မျှပင်မလှုပ် ။စာသင်ချိန် အိပ်နေခြင်းက
ကျွန်တော့်အတွက်
အတော်ကို စိတ်ပျက်ဖို့ကောင်းတဲ့
အရာတစ်ခုပါ။
ဒါပေမဲ့ ပြောမရတဲ့သူမို့
မသိသလိုသာနေလိုက်သည်။
YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''