Part 13

15 2 0
                                    

မိုးရေတွေစိုစွတ်နေတဲ့လမ်းတစ်လျှောက်
စက္ကူပန်းများက ဟိုဟိုဒီဒီ ပြန့်ကျဲနေသည် ။
မိုးရွာပြီးခါစမို့ လေတစ်ချက်အဝေ့မှာ မြေသင်းနံ့တို့က လေထုကြား ရောယှက်နေသည် ။

မိုးထပ်ရွာမှာစိုးတာကြောင့် ဂျုံအင် အလျင်အမြန် အလုပ်ရှိရာ ခြံကြီးဆီသို့ မပြေးရုံတမယ် လျှောက်လာသည် ။

အိမ်မကြီးရဲ့ ဘေးဘောင်တွေကတစ်ဆင့် ရစ်တက်နေတဲ့ နွယ်ပင်တွေက အိမ်ကြီးရဲ့ သက်တမ်းကြာရှည်မှုကို ပိုပြီး ထင်ဟပ်စေပါသည် ။
ခြံတစ်ခြံထဲမှာပင် အဆောင်တွေ သယောင် ဆောက်လုပ်ထားတာမျိုး ဖြစ်သည် ။

အိမ်ကြီးဆီရောက်ဖို့အတွက် လမ်းအကွေ့အကောက်တွေကို ဖြတ်ကျော်ရသည် ။ လမ်းတစ်လျှောက်လုံး သစ်ပင်ကြီးများက နေရာယူထားပြီး နှင်းဆီ စိုက်ခင်းကြီးက ထင်းနေပြန်သည် ။ ပန်းအိုးတွေဆိုလျှင် ရေတွက်လို့မရအောင်ကိုများသည် ။
လမ်းချိုးလေးအဆုံးမှာတော့ အိမ်ကြီးဆီသို့ ရောက်သည် ။

လှေကားကြီးက အိမ်မကြီးကို ပတ်ကာ ခွေပီး
ဆောက်ထားပုံရသည် ။ ပြောင်လက်နေတဲ့ ပရိဘောဂတွေကလည်း အရမ်းရှေးကျမည့်ပုံပေါ်သည် ။ လှေကား ဒုတိယ အဖြတ်ရောက်တဲ့အခါမှာတော့ ဂျုံအင့်အခန်းသို့ရောက်သည် ။

" ဂျုံအင် ထိုင်ပါဦး "

အိမ်သို့ပြန်ရောက်ရောက်ချင်း ဆယ်ဟွန်းက လာထိုင်ဖို့ပြောသည် ။ဂျုံအင်လဲ ချက်ချင်းပင်ဝင်ထိုင်လိုက်ပြီး
အသင့်ထည့်ထားပေးတဲ့ ကော်ဖီကို မော့သောက်လိုက်သည် ။

"ဘာတွေကောက်နေတာလဲ "

ဂျုံအင်ခေါင်းကို ဆတ်ဆတ်ခါ ပြကာ

"မကောက်ပါဘူး ဘာဖြစ်လို့လဲ "

" သေချာလို့လား ဒီရက်ပိုင်း တစ်မျိုး ဖြစ်နေလို့လေ"

မျက်ခုံးကို တွန့်ချိုး၍ ဟန်ပါပါပြောနေတဲ့
ဆယ်ဟွန်း ကို ဂျုံအင်လည်း
ခေါင်းသာ ခါ ပြလိုက်ပါသည် ။

အခန်းတံခါးလော့ကို အသာအယာဖွင့်ကာ ဂျုံအင် အခန်းဆီသို့ဝင်လာလိုက်သည် ။
လူ၃​ယောက်စာလောက်ရှိတဲ့ ကုတင်ဖြူဖြူပေါ်ကို
ဂျုံအင် ဘုန်းကနဲ လှဲချပစ်လိုက်ပါသည် ။

 Will We Try To Be Together(U+Z)Where stories live. Discover now