မျက်စိရှေ့မှာ လောင်ကျွမ်းနေတဲ့
လက်ကြားထဲ ညှပ်ထားသည့်
သောက်လက်စ ဆေးလိပ်တိုတစ်လိပ်ကို
အဆုတ်ထဲသို့ ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်သည် ။သက်ပြင်းတစ်ခုနှင့်အတူ မှုတ်ထုတ်လိုက်သော
ဆေးလိပ်ငွေများသည်အမှောင်ကျလုလု
ဖြစ်နေသော အခန်းငယ်အတွင်း
ပျံ့လွင့်သွားကြသည် ။
Toilet နံရံကို ကျောမှီကာ
ဘယ်နှစ်လိပ်မြောက်မှန်းမသိသော
ဆေးလိပ်ကို သောက်နေမိသည် ။မိမိလက်ထဲမှဆေးလိပ်ကို ဆွဲလုကာ
စိတ်မကြည်သည့် လေသံ
မျက်နှာပေးမျိုးနှင့်ပြောလာသော သူ။
လုယူခံလိုက်ရသော
ဆေးလိပ်ကို ပြန်လုဖို့ရော
နောက်ထပ်အသစ်တစ်လိပ်မီးညှိဖို့ရော
သူမလုပ်ဖြစ် ။ တိတ်ဆိတ်နေသော
အခန်းငယ်သည် တဒင်္ဂပြန်လည်
တိတ်ဆိတ်သွားပြန်သည် ။" မင်း ဒါတွေနဲ့ပဲ အချိန်ကုန်နေမှာလား ဂျုံအင် "
အဖြေရှာမရတဲ့ မျက်လုံးတွေနဲ့
အတူမော့ကြည့်လာတဲ့
ဂျုံအင့်ကို ဆယ်ဟွန်း နားမလည်နိုင်စွာ
ကြည့်လိုက်တယ် အဲ့ဒီနောက်မှာ ဂျုံအင်က နဖူးပေါ်ဝဲကျနေတဲ့ သူ့ဆံပင်တွေကို
လက်နဲ့ သပ်တင်ရင်း ပြောသည် ။"မင်း ဘာဖြစ်နေတာလဲ ကျွန်တော် ဘာလုပ်လုပ်
လိုက်Stalk နေတာလား အေးဆေးပေးနေလေ "ဘာလဲကွာဆိုသည့် အမူအရာဖြင့်
ချက်ချင်းပင်ထရန်ပြင်လိုက်တော့
သူ ကျွန်တော့်၏ လက်ကောက်ဝတ်ကိုဖမ်းဆုပ်ရင်း တားဆီးလိုက်သည် ။" သဘောကျလို့ "
တိတ်ဆိတ်နေတဲ့ အခန်းအတွင်း
လေတိုးသံပင် မကြားရတော့အောင်
တိတ်ဆိတ်ခြင်းက ပိုလာသည် ။
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်နေရင်းကပင်
ဂျုံအင်က တစ်အံ့တဩနဲ့
မျက်ခုံးတွေကို တွန့်ချိုးလိုက်သည် ။" မင်း ဘာတွေပြောနေတာလဲ
ကျွန်တော် စိတ်မဝင်စားဘူး ""ကိုယ် တကယ်ပြောနေတာ ဟွာဖြောင်း
မိတ်ဆတ်ပေးတဲ့နေ့ထဲက
ကိုယ်မင်းရဲ့ ဂျစ်ကန်ကန် ပုံစံလေးကို
သဘောကျခဲ့တာ "အတည်ပေါက်ကြီး ပြောလာတဲ့
အိုဆယ်ဟွန်းကြောင့်
ရှက်လွန်းလို့ပင် မျက်နှာက နီရဲစ ပြုနေသည် ။
ပထမဆုံး အကြိမ် ယောကျ်ားတစ်ယောက်ဆီက
ခုလိုစကားကြားလိုက်ရတာမို့ ဂျုံအင် စိတ်လဲဆိုးသည် ။
![](https://img.wattpad.com/cover/278264685-288-k502975.jpg)
YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''