နွေဦးကာလဖြစ်တဲ့အတွက် ကောင်းကင်ကလည်း ပကတိကြည်လင်နေပြီး နေအလင်းရောင်သည်လည်း ဟိုတစ်ပြောက် ဒီတစ်ပြောက် ထိုးနေသည်။
ဂျုံအင်လည်း ကျောင်းပိတ်ရက်ဖြစ်တာကြောင့်
ပျင်းပျင်းနဲ့ မြက်ခင်းပေါ် ထိုင်ချကာ အပင်တွေကို ဆိတ်ဆွနေသည်။ဆယ်ဟွန်းက ဂျုံအင်နိုးကတည်းက အိမ်မှာမရှိပါ ။
အိမ်အကူ အဒေါ်ကြီးကိုမေးကြည့်တော့လည်း အပြင်ထွက်သွားတယ်ကလွဲပြီး ရေရေရာရာ မသိရပါ။တီ တီ
ကားဟွန်းတီးသံနဲ့အတူ ခြံတံခါးကို ဖွင့်ဖို့ရာ အိမ်အကူ အဒေါ်ကြီးက ပြေးထွက်လာတယ်။
" ဆယ်ဟွန်း "
ဂျုံအင်လဲ ထိုင်နေရာမှ ထကာ ကားဆီကို အကြည့်ရောက်နေသည် ။ ပထမဆုံးမြင်လိုက်ရတာက ခြေသလုံး သေးသေး ပေါင်တံဖြူဖြူ အမျိုး သမီးရဲ့ ခြေထောက်တွေ ဖြစ်သည် ။တစ်ဖက်တွင်တော့ ဆယ်ဟွန်းက လိုက်၍ ဆင်းလာသည် ။
" ဘယ်သွားကြတာလဲ "
ဂျုံအင် တီးတိုး ရွတ်လိုက်မိပြီး ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အမြန်ပိတ်လိုက်ရသည်။
ဂျုံအင်ရှိိရာဘက်ကို ဆယ်ဟွန်းက ခဏသာ လှည့်ကြည့်ပြီး အာရာဆိုသည့် အမျိုးသမီးဝယ်ယူလာတဲ့ အိတ်တွေကို ဆွဲကာ အိမ်ကြီးဆီကို ဝင်သွားသည်။
ဂျုံအင်နည်းနည်းတော့ စိတ်ထဲ ကသိသအောက် ဖြစ်မိပါသည် ။ လက်ထပ်ချင်သည်ဟူ၍ အိမ်ကိုခေါ်တင်လာခဲ့တာလဲ သူပဲ ။ အရေးမလုပ်တာလဲ သူပဲ ။
" အကိုလေး ညစာ ဘာစားချင်လဲ မမလေးလည်း ရောက်နေတော့ဈေးစောစောသွားမလို့ပါ "
ဆယ်ရာက ဈေးသွားရန် ဈေးခြင်းကြီးဆွဲပြီး ဂျုံအင်ရှိရာဆီကို လျှောက်လာပြီး မေးတယ်
" အင်း.....ဒီညတော့ အထွေအထူးသိပ်မစားချင်ပါဘူး မင်းအဆင်ပြေတာ ဝယ်လာခဲ့ "
သူခေါင်းငြှိမ့်ပြကာ ထွက်သွားသည်။
ဆယ်ဟွန်းကတော့ အခုထက်ထိ သူ့ကို့ ဘာစကားမှ လာမပြောပါ ။ ဘာလို့အပြင်စောစောထွက်သွားပြီး အာရာနဲ့ အတူပြန်လဲဆိုတာကိုလည်း သူသိချင်သည်။

YOU ARE READING
Will We Try To Be Together(U+Z)
Fanficအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''