မနက် ၆နာရီ ။
နံနက်စောစောမိုးရာသီ ဖြစ်တာကြောင့်
မိုးစက်နဲ့အတူ နှင်းဖွဲတွေက
သစ်ရွက်အဖျားတွေကြား
တွဲခိုနေသည်။
လေတစ်ချက်အဝေ့ သစ်ပင်မှ
ကျလာတဲ့ မိုးပေါက်နဲ့ နှင်းစက်တွေကို
အထဲမဝင်ခင်ဂျုံအင်ဆော့ကစား
နေလိုက်တယ် ။ရာသီဥတု အအေးဒဏ်ကြောင့် ဂျုံအင့်ရဲ့
နှာနုထိပ်လေးဟာတော့ နီရဲစ ပြုလေပြီ ။
နှင်းကျရင် ခံစားချက်အကောင်းဆုံး ဖြစ်တဲ့
ဂျုံအင်တစ်ယောက် နှင်းတွေကြားမှာ
နှုတ်ခမ်းများ ကွေးညွတ်သည်အထိ
ပြုံးနေမိသည်။အချိန်အတော်ကြာ နှင်းတွေထဲ ရပ်ခဲ့ပီးတဲ့
နောက်မှာတော့ ၇နာရီ ရှိပြီ ဖြစ်တာကြောင့်
ဂျုံအင်ကျောင်းသွားဖို့ ပြင်ဆင်ရသည် ။လမ်းတစ်လျှောက် အေးစိမ့်စိမ့် လေထုက
အသားထဲထိ စိမ့်ဝင်တဲ့ထိ ကျီစယ်သည် ။
နီဆွေးစပြုလာတဲ့ နားနှစ်ဖက်ကို အနွေးဓာတ်ရအောင် မာဖလာကို နားနှစ်ဖက် မြုပ်သည်အထိ
ပတ်လိုက်တယ် ။"ဂျုံအင် "
အဖြူရောင်မာဖလာလေးကို
လည်ပင်းမှာ ပတ်ထားပြီး ဂျုံအင့်ဆီသို့ လျှောက်လာတဲ့ သူ ။
ဂျုံအင် အဝေးကနေ ရပ်၍
ကြည့်နေမိသည်။"ဆိုင်ကယ်မပါဘူးလား "
"အိုဆယ်ဟွန်း ''
မနေ့ညထဲက စိတ်ရှုပ်စရာကောင်းတဲ့လူမို့
ဂျုံအင် ကျွတ် တစ်ချက် သပ်မိသည် ။
သာမာန်သာပြုံးပြကာ ဂျုံအင်
ပွနေသော
ဆံပင်ကို သပ်တင်လိုက်သည်။" ဘာလို့ စိုက်ကြည့်နေတာလဲ ကိုယ်မေးနေတာဖြေလေ ''
ဆယ်ဟွန်းက ပြုံး၍ပြောသည်။
ထိုအခါ ဂျုံအင် မျက်ခုံးတွေကို တွန့်ချိုးလိုက်တယ် ။မျက်စောင်း တစ်ချက်ထိုးကာ ရပ်နေရာကနေ
ဆက်လှမ်းလိုက်သည် ။လက်ကောက်ဝတ်ကို ဆွဲခံလိုက်ရတာကြောင့်
ဂျုံအင့်မျက်လုံးတို့ ပြူးကျယ်သွားရသည် ။"မင်း ဘာလို့ ကိုယ့်ကို ပြန်မဖြေတာလဲ ''
လက်ကောက်ဝတ်က လက်တွေကိုဖြုတ်မချခင်
ဆယ်ဟွန်းဘက်ကို လှည့်လိုက်သည် ။
YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''