တစ်နေ့ကအဖြစ်အပျက်ပြီးတဲ့နောက်မှာ ဂျုံအင်က ရှက်ဟန်တူပါသည် ။ ဆယ်ဟွန်းကို အတွေ့မခံပဲ ရှောင်မြဲရှောင်နေသည် ။ ဆယ်ဟွန်းနှင့်အတူကျောင်းလဲမလိုက်သလို ကျောင်းတွင်လည်း ဖမ်းမရပါ ။
သူပြန်လာချိန်ကို ကြိုစောင့်တော့လည်း ၂ ရက်စလုံး မတွေ့ခဲ့ရပါ ။ ဒီကောင်လေးပဲ အတော် ဥာဏ်ကောင်းနေသားဟု ဆယ်ဟွန်း ခေါင်းကို ကုတ်၍ ပြောမိသည်။ သူ့အခန်းထဲလည်း ပေးမဝင်တာမို့ ဆယ်ဟွန်းလည်း တစ်ခဏမျှတော့ လွှတ်ထားလိုက်သည် ။
၃ ရက်မြောက်သည့်နေ့တွင်တော့ ဆယ်ဟွန်းက ကျောင်းမှစောစော ပြန်လာသည် ။ မနေ့ကလိုပဲ အခန်းထဲအောင်းနေသည့်ကောင်လေးက ဖုန်းလည်း မကိုင်သလို စာတွေလဲ မပြန်ပါ။
ဆယ်ဟွန်းက ဂျုံအင်ရှိရာ အခန်းဆီသို့ တစ်ဆက်တည်း တက်လာပြီး အခန်းတံခါးကို ဆင့်ခေါက်လိုက်သည် ။
တော်တော်ကြာသည်အထိ ဘာသံမှ မကြားရ။ဆယ်ဟွန်းက ထပ်ခေါက်ပြီး သူ့နာမည်ကို ကျယ်ကျယ်ခေါ်လိုက်သည် ။
" ဂျုံအင် ထွက်လာတော့ ကျွန်တော် စိတ်ညစ်လာပြီ "
"...."
ဘာတုန့်ပြန်မှုမှ မလာသည့်အတွက် ဆယ်ဟွန်းခေါင်းကို ကုတ်ကာ ထပ်ပြောသည်။
" မင်းထွက်မတွေ့ရင် ကျွန်တော် အာရာ့ကိုခေါ်ပြီး လျှောက်သွားပြီနော် "
ဆယ်ဟွန်းက အခုလိုပြောလိုက်တော့မှ တံခါးက ချက်ချင်းပွင့်လာသည် ။ တီရှပ်အဖြူရောင်ကို ဘောင်းဘီအတိုနဲ့တွဲဝတ်ထားတဲ့ ဂျုံအင်က တက္ကသိုလ်ကျောင်းသားလို့မထင်ရအောင်နုနယ်လွန်းသည် ။ နီရဲ ဖောင်းမို့နေတဲ့ ပါးပြင်တွေကို တစ်ယုတစ်ယ ဆွဲဖွလိုက်ပြီး
" ဘာလို့ အခုမှ ထွက်လာတာလဲ သဝန်တိုပြီး ထွက်လာတာလား "
ပြုံးစစဖြင့် ဆယ်ဟွန်းက စသလို လေသံမျိုးဖြင့် မေးလိုက်ပါသည် ။ ဂျုံအင်က သူ့မျက်လုံးတွေကို တစ်ခဏမျှ စိုက်ကြည့်ပြီးတဲ့နောက်
" ငါ....ငါ မင်းကို ချစ်မိနေပြီ "
ဂျုံအင့်စကားဆုံးသည့်နောက်မှာ ဆယ်ဟွန်းရဲ့ မျက်ခုံးအစုံက မြင့်တက်သွားပြီး ဘာစကားမှ ထွက်မလာနိုင်အောင် သူ အံ့ဩသွားပါသည် ။
YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''