လေနုအေးတွေနဲ့အတူ ဘုရားကျောင်းကြီးက ပကတိ ငြိမ်သက်တိတ်ဆိတ်နေသည်။ ဝန်းကျင်တစ်ဝိုက်တွင် ထိုင်ခုံများ နေရာ ချထားပြီး ပန်းများလည်း ရှိသည်။
ပန်းတိုင်းသည် နှင်းဆီရနံ့ ၊ လာဗင်တာ ရနံ့ရောထွေးနေပြီး လေထုအတွင်း ရောယှက်နေသည်။ဂျုံအင်က ငြိမ်သက်နေသော်လည်း သူ၏ရင်ထဲတွင်တော့ အမည်မသိတဲ့ ခံစားချက်က လှုတ်ခတ်နေသည်။ နူးညံ့သိမ်မွေ့သော အသားနှင့် ချုပ်ထားတဲ့ ဝတ်စုံက ဂျုံအင့် ကိုယ်ပေါ် နေရာတကျရှိနေပြီး နေရောက်အောက်တွင် တောက်ပနေ၏ ။
ခန်းမ အစကနေ စင်ပေါ်ကို သူ လျှောက်လာရမည်ဖြစ်သည် ။ လမ်းလျှောက်လာရင်း စင်ပေါ်မှာ ရပ်နေတဲ့ အိုဆယ်ဟွန်းကို သူသတိထားမိလိုက်သည် ။ သူ့နှုတ်ခမ်းထောင့်မှာ ကစားနေတဲ့ နူးညံ့တဲ့ အပြုံးတစ်ခု ။
သပ်တင်ထားတဲ့ ဆံပင်တွေဟာ ဝဲကျခြင်းမရှိ။
မေးရိုးများက ဖြောင့်တင်းနေပြီး အကြည့်တို့က သိမ်မွေ့လှ၍ ။ ဆယ်ဟွန်းကို ကြည့်နေရာမှ မျက်နှာလွှဲလိုက်ကာ
ဂျုံအင် ဘေးက ဧည့်သည်တွေကို ဝေ့ဝိုက်ကြည့်လိုက်သည် ။လက်လှမ်းပြနေတဲ့ဟွာဖြောင်းနဲ့ ဆွန်းနီကို သူပြုံးပြလိုက်သည် ။ ထိပ်ဆုံး တစ်ဝိုင်းတွင်တော့ သူ့အားမျက်စောင်းထိုး၍ ကြည့်နေတဲ့ အမျိုးသမီးနှစ်ယောက်။
ဆယ်ဟွန်းရှေ့ကိုရောက်တဲ့အခါ အကွာအဝေးတစ်နေရာကနေ ခြေလှမ်းတွေကို ရပ်တန့်ထားလိုက်သည် ။
ဆယ်ဟွန်းက သူ့လက်တွေနှင့် လာပွေ့ဖက်လိုက်တဲ့အခါမှာတော့ အောက်က လူအုပ်ရဲ့ အော်သံ လက်ခုတ်သံတစ်ချို့ကို ကြားလိုက်ရသည် ။သူ့ရဲ့အကြည့်တွေမှာ ချစ်ချင်းမေတ္တာတွေကို ဂျုံအင်ခံစားရပြီး ခြေလှမ်းတွေက သူ့အနားကိုပိုလို့ပင်တိုးသွားမိသည် ။ ဆယ်ဟွန်းက သူ့လက်ကို ဆွဲယူကာ လက်ထဲမှာ အသင့်ရှိနေတဲ့ လက်စွပ်လွင်လွင် တစ်ခုကို လက်သန်းကြွယ်သို့ ဝတ်ပေးလိုက်သည် ။
အဲ့ဒီနောက် ဆယ်ဟွန်းက ဂျုံအင့်အနား တိုးလာပြီးနောက် 'မင်းက တကယ်ကို ရင်သပ်ရှုမောစရာပါပဲ ' လို့ ခပ်တိုးတိုးပြောသည် ။ ဘုရားသခင်ရှေ့ ကတိသစ္စာပြုပြီးကြတဲ့နောက်မှာတော့ အောက်ကလူအုပ်ရဲ့ " Kiss Kiss" ဆိုတဲ့ အသံတွေက ထွက်ပေါ်လာပြီး ဂျုံအင်လည်း ဖြတ်ခနဲဆိုသလို နူးညံ့ စိုစွတ်တဲ့ အရသာကိုခံစားလိုက်ရ၏ ။

YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''