"ဆယ်ဟွန်း "
ဂျုံအင် အခန်းတံခါးဆွဲဖွင့်လိုက်တဲ့အခါမှာ မြင်လိုက်ရတဲ့ ဆယ်ဟွန်းကြောင့် အော်မိလိုက်ခြင်းဖြစ်သည် ။
" အင်း ဘာလဲ "
" တကယ်ဒီမှာလာအိပ်မလို့လား"
ဆယ်ဟွန်းက လက်က နာရီကို ခုံပေါ်ကို ဖြုတ်ချကာ ခေါင်းကို လျော၍ လှဲလိုက်သည် ။
ထို့နောက် ဘေးက နေရာလွတ်ကို ပုတ်ပြကာ
" မင်း အိပ်ချင်ရင် ဒီမှာလာအိပ် "
ဂျုံအင်လဲ အနေရခက်တာကြောင့် ကျစ် တစ်ချက်သပ်ကာ ခေါင်းကိုဆတ်ဆတ်ခါလိုက်တယ် ။
ကုတင်ပေါ်မှာ နေရာ အကျအန ယူကာ စာအုပ်ထိုင်ဖတ်နေတဲ့ သူကို စကားစပြောရန်လည်း မကြိုးစားချင်ပါ ။သူဘာမှတွေးမနေတော့ပဲ သူ့ဘေးကနေရာလွတ်မှာ ဝင်ထိုင်ဖို့နေရာယူလိုက်တယ် ။ အဲ့ဒီနောက် စာလုပ်ရန် လပ်တော့ကိုပါတစ်ခါတည်း ယူလိုက်တယ် ။
———————-
နံရံကို မှီပြီး လပ်တော့ကိုပဲ အာရုံစိုက်ထားတဲ့ ဂျုံအင့်ကို ဆယ်ဟွန်း တစ်ခဏမျှ စိုက်ကြည့်လိုက်တယ် ။
မဲနက်နေတဲ့ ဆံနွယ်တွေက နဖူးပေါ် ဟိုတစ်စဒီတစ်စ ကျနေသည် ။ မျက်မှန်အောက်က မျက်ဝန်းအစုံကတော့ ပကတိ ကြည်လင်နေပြီး နှုတ်ခမ်းဖူးဖူးလေးများလဲ ရှိသည် ။ ဂျုံအင်က အသားညိုသည် သို့ပေမဲ့ အဖြူဘက်ကိုလဲ ရောက်သည် ။
" Ring Ring "
ဖုန်းမြည်သံကြားလိုက်ရတာကြောင့် ဂျုံအင် ဖုန်းကိုကောက်ကိုင်လိုက်တယ် ။
" ဂျုံအင်နား နေကောင်းရဲ့လား "
" ဟုတ် ကောင်းပါတယ် စီနီယာ ခုချိန်ကြီး ဘာဖြစ်လို့လဲဗျ တစ်ခုခုရှိလို့လား "
ဂျုံအင် တစ်ရိုတစ်သေ ပြောတာကို ပထမဆုံး သူကြားဖူးခြင်း ဖြစ်သည် ။ ဆယ်ဟွန်းက မျက်ခုံးများကို ပင့်တင်လိုက်ပြီး ဂျုံအင့်ဘက်ကို လှည့်လိုက်သည် ။
" ဘယ်သူလဲ "
ဆွဲလုခံလိုက်ရတဲ့ ဖုန်းကြောင့် ဂျုံအင် မျက်လုံးအပြူးသားနဲ့ ကြောင်ကြည့်နေမိသည် ။
YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''