အပူအအေး ရောယှက်နေသော လေထုသည်
Seoul မြို့အတွင်းအား တစ်ခဏလေး
အတွင်းမှာပင် စိမ့်၍ အေးလာစေသည် ။
လုပ်လက်စ အလုပ်ကို လက်စသတ်ပြီး
ဆယ်ဟွန်း ခေါင်မိုးထပ်ကို တက်လာခဲ့ခြင်း
ဖြစ်သည် ။အအေးဓာတ်သည် တစ်ခဏလေး
အတွင်းမှာပင် ပို၍ စိမ့်လာ သောကြောင့်
အောက်သို့ လျော့ကျနေသော ပခုံးထက်မှ
မာဖလာကို မေးစိထက်သို့ ဆွဲတင်လိုက်သည် ။အောက်တွင် အချွန်အတက်တို့ဖြင့်
အစီအရီ တည်ရှိနေသော အဆောက်အဦ
အမျိုးမျိုးကို ဆယ်ဟွန်း သက်ပြင်း
သဲ့သဲ့လေး ချကာ ငေးကြည့်နေမိသည် ။သည်လိုနေ့မျိုးတွင် သူ့အား အဖော်ပြု
ပေးရန် ကြယ်များပင် ကောင်းကင်တွင်
ရှင်းလို့နေသည် ။ဟင်း....သည်းညူသံ သက်ပြင်းချသံ
တစ်ခုကို သံရှည်ဆွဲကာ သောက်လက်စ
ကော်ဖီခွက်ကို
နှုတ်ခမ်းပါးများကြား
နေရာယူစေလိုက်သည် ။သူ့ မာမီစီစဉ်ပေးမည့် င်္မဂလာကိစ္စကို
သူ့အတွေးထဲ တွေးနေခြင်း ဖြစ်သည် ။
သူလက်မထပ်ချင်သည့် သူနဲ့ အိမ်ထောင်
အတင်းအကြပ်ချပေးချင်နေတာ ဖြစ်တဲ့အတွက်
ဆယ်ဟွန်း ခေါင်းကိုက်သည် ။အာရာဆိုသည့် အမျိုးသမီးသည်
တက္ကသိုလ်တစ်ခုလုံးတွင် အပြစ်ပြောစရာမရှိ
အောင်ကို သူ့အလှက နာမည်ကြီးသည် ။
လိုချင်ကြတဲ့ ယောကျ်ားတွေကလည်း ဝိုင်းနေပြီး
အတော်လေးကို ဆွဲဆောင်မှူရှိသည် ။ဆယ်ဟွန်း သဘောမကျရသည့် အကြောင်း
အရင်းကတော့ မောက်မာလွန်းလို့ပင် ဖြစ်သည် ။ရည်းစားတွေလည်း တစ်ပုံကြီး
မထားချင်သလို သူလက်ထပ်ပွဲလည်း
မလုပ်ချင်သေးပါ ။ဆယ်ဟွန်း ဟိုဟိုဒီဒီ တွေးနေပြီးမှ
အတွေးစကို ရပ်လိုက်ပြီး ကုန်နေသည့်
တစ်ခါသောက် ကော်ဖီခွက်ကို
လက်နဲ့ ချေကာ အမှိုက်ပုံးထဲ ပစ်လိုက်သည် ။—————————-
" ဂျူဟွန်း ဘယ်မှာလဲ "
ကျောင်းရောက်ရောက်ချင်းမှာပင်
ဆယ်ဟွန်း သူ့ contact များထဲမှ တစ်ယောက်
ဖြစ်တဲ့ ဂျူဟွန်း ဆီ ဖုန်းဆက်၍
ဘယ်မှာလဲဟုမေးလိုက်သည် ။
YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''