Part 11

22 4 0
                                    

ဆယ်ဟွန်းလည်း ရေအမြန်ချိုးပြီးတာနဲ့  အမေဖြစ်သူ အခန်းဆီ အရင်ဝင်လိုက်သည် ။

"ဘာကိစ္စလဲမေမေ "

ဆယ်ဟွန်းက မှန်ရှေ့ကခုံမှာဝင်ထိုင်၍ မေးလိုက်သည် ။
ကုတင်ပေါ်မှာ ထိုင်ကာ စာအုပ်ဖတ်ဟန်ရှိတဲ့ သူမက မျက်လုံးတစ်ချက်လှန်ကြည့်ကာ

" မင်း တကယ် ဟိုကောင်လေးနဲ့ လက်ထပ်မလို့လား
လူကြားထဲမှာရော မျက်နှာပြရဲလား "

" ဒီလမ်းကို ကျွန်တော် ရွေးချယ်ထားတာပါ "

ချက်ချင်းပင် ထထွက်ကာ သူ့အမေရဲ့ ခေါ်သံတွေကိုပါ လျစ်လျူရှုလိုက်သည် ။

အောက်ထပ်ကိုရောက်တော့ ဂျုံအင်က မလှုပ်မယှက်ဖြင့်သာ Tv ကြည့်နေသည် ။ အရှေ့မှာလည်း စားလက်စ အသီးတစ်ချို့ရှိသည် ။

"ဂျုံအင် "

ဂျုံအင်က မော့မကြည့်လာပါ ။

" နေမကောင်းနေတာလား "
uhh
ဆယ်ဟွန်းက ဂျုံအင့်နဖူးအစပ်ကို ခပ်ဖွဖွ စမ်းကာ ကိုယ်ပူရှိမရှိစစ်လိုက်တယ် ။

" ကိုယ်ငွေ့တော့ရှိတယ်နော် ဆေးသောက်ရမယ် "

ဂျုံအင်က တစ်ခဏမျှ မော့ကြည့်လိုက်ပြီး မျက်ခုံးများကို တွန့်ချိုးလိုက်သည် ။

" ဟင် ဘာဖြစ်လို့လဲ "

ဆယ်ဟွန်းက တကယ်ပင် ဘာမှ မဖြစ်သလို အမူအယာနဲ့ မေးလိုက်တော့ ဂျုံအင် ကျစ်် တစ်ချက် သပ်လိုက်တယ် ။

" မဖြစ်ဘူး ဆေးသောက်ရမှာလား ပေး "

ဂျုံအင်လဲ ဘာတစ်ခွန်းမှ ထပ်မဟတော့ပဲ သူပေးသည့်ဆေးကိုသာ သောက်လိုက်သည် ။

" Tv ဆက်ကြည့်နေဦးမလို့လား သွားနားရအောင်လေ "

" မင်းဘာသာ နားပါလား ငါကြည့်နေတယ်လေ "

" ဒါဖြင့် ဘာလို့ ရန်လိုနေတာလဲတော့ ပြောပြ"

ဆယ်ဟွန်းက မေးလိုက်တယ် ။ ဂျုံအင် သက်ပြင်းတစ်ချက်ချလိုက်ပြီး

 Will We Try To Be Together(U+Z)Where stories live. Discover now