Part 8

24 5 0
                                    

" နောက်မှ ထပ်ဆက်လိုက်မယ်နော် ဟွာဖြောင်း "

ဂျုံအင် ညနေစာ စားပြီးတဲ့ အချိန် ဟွာဖြောင်းက ဖုန်းဆက်တဲ့အတွက် သူ ဝရံတာကိုထွက်ပြီး
ဖုန်းပြောလိုက်သည် ။

ဖုန်းချသွားပြီးတဲ့နောက်မှာတော့ အထွေအထူး လုပ်စရာမရှိတဲ့အတွက် ခြံထဲဆင်းပြီး ပန်းပင်တွေ ရေလောင်းရင်း သီိချင်းအေးအေးလေးကို တီးတိုးရွတ်နေမိသည် ။

ဆယ်ဟွန်းနေတဲ့အိမ်ကြီးက ဂျုံအင်နေတဲ့ အိမ်နဲ့ယှဉ်ရင် အတော်ပင်ကြီးသည် ။ ဂျုံအင်နေခဲ့တဲ့ နယ်ကအိမ်လေးဆိုလျင် ဝရံတာ ကျယ်ကျယ် ဝန်းဝန်းလဲ မရှိသလို ခြံဆိုလျင်လည်း ခပ်ကျဉ်းကျဉ်းသာ ဖြစ်သည် ။ဆယ်ဟွန်းရဲ့ အိမ်ကတော့ ပင်မအဆောက်အအုံဆိုရင်လည်း အုတ်နရံတွေနဲ့ သေချာဆောက်ထားတာဖြစ်ပြီးဘေးတစ်ဖက် တစ်ချက်စီမှာလည်း ခေါင်းမိုးနိမ့် အခန်းဆောင်ကို တွဲလျက်ဆောက်ထားသေးသည် ။

ဂျုံအင်ကျောင်းက ပြန်လာတဲ့အခါ ဘာမှ လုပ်စရာအထွေအထူးမရှိတဲ့အတွက် အမြဲလိုလို ခြံထဲဆင်းသည် ။ ပန်းပင်တွေ ရေလောင်းသည် ။
ဒီနေ့တော့ အတော်ကြာကြာလျှောက်ပတ်ကြည့်ပြီးတဲ့အခါမှာတော့ ပန်းရုံတွေနဲ့ကာထားတဲ့
အကာအရံတစ်ခုနား သူ ရောက်သွားသည် ။

ရုတ်တရက်ရေသံကြားလိုက်ရတော့ ဂျုံအင် အလန့်တခြား ဖြစ်သွားကာ ပန်းပင်တွေ အပေါ်ကို ခြေဖျားထောက်၍လှမ်းကြည့်မိသည် ။

" ဟင် "

အိုဆယ်ဟွန်း ။မျက်စိရှေ့မှာ မြင်လိုက်ရတဲ့
မြင်ကွင်းကို ဂျုံအင်တစ်ခဏမျှ မှင်သက်၍ ကြည့်နေမိသည် ။ ပန်းရုံတွေအဆုံးမှာတော့ ရေကန်ခပ်လတ်လတ်လေး တစ်ကန်ရှိနေပြီး ဆယ်ဟွန်းကတော့
အသေအချာကို ထိုင်၍ ရေစိမ်နေသည် ။

ဂျုံအင့်ဘက်က ကြည့်လျှင် ဆယ်ဟွန်းမျက်နှာကို ဘေးတိုက်အနေအထားက မြင်ရပြီး ဆယ်ဟွန်းရဲ့ နီဆွေးဆွေး ပါးပြင်တွေကို ရပ်ကြည့်နေမိသည် ။ ရေစိုနေတာကြောင့် ဆံပင်ကို စတိုင်ကျကျ သပ်တင်ထားသလို ဖြစ်နေပြီး လှုပ်ရှားမှုတိုင်းကလည်း စွဲဆောင်နေပါသည် ။

You've reached the end of published parts.

⏰ Last updated: Oct 25 ⏰

Add this story to your Library to get notified about new parts!

 Will We Try To Be Together(U+Z)Where stories live. Discover now