မနေ့ညက မိုးတစ်ညလုံးနီးပါး
ရွာထားတဲ့ အရှိန်ကြောင့်
လမ်းတစ်လျှောက်လုံးမှာတော့
အရင်နေ့တွေကနဲ့မတူ စိုစွတ်လို့နေသည်။ရေစက်လေးတွေ တွဲခိုနေတဲ့
သစ်ပင်တွေကို ဂျုံအင် မော့ကြည့်ကာ
ခေါင်းပေါ်က သစ်ပင်ကို
မှီအောင် ခြေဖျားထောက်၍
ရေစက်တွေကို
တောက်ချလိုက်သည် ။တကယ်ဆိုရင် ဂျုံအင်
ဒီနေ့ကျောင်းမလာချင်ပါ ။
သို့ပေမဲ့ ရှောင်နေစရာလဲ မလိုတာမို့
နေမြဲတိုင်းသာနေလိုက်သည် ။ဆံပင်ပေါ်ကို လာထိုးဖွတဲ့
လက်တွေကြောင့် ဂျုံအင် လန့်ကာ
တွန်းမိလိုက်သည် ။"ဟင် အိုဆယ်ဟွန်း "
တွန်းမိလိုက်သည့်သူမှာ အိုဆယ်ဟွန်း
ဖြစ်နေတာကြောင့် ဂျုံအင်
သက်ပြင်းချမိလိုက်သည်။" လက်ထပ်မလား ကိုယ်နဲ့ "
အကြောင်းအရင်းမရှိ ပြောလာတဲ့
ဆယ်ဟွန်းကြောင့် ဂျုံအင် အတော်လေး
စွံ့အသွားရပါသည် ။
ငုံ့ထားတဲ့ ခေါင်းတွေကို မော့ကာ
ဂျုံအင် ဆယ်ဟွန်းကို ကြည့်လိုက်သည် ။"•••••"
"ကိုယ် တကယ်မေးနေတာ
အမှန်တိုင်းပြောရရင်
ကိုယ့်အိမ်ကပေးစားတဲ့ မိန်းကလေးနဲ့
လက်မထက်ချင်လို့ "အိမ်ထောင်ပြုတဲ့ကိစ္စကို
ခံစားချက်မပါလည်း လုပ်လို့ရသလို
ပြောလာတဲ့ဆယ်ဟွန်းကြောင့်
ဂျုံအင်ရယ်လိုက်မိသည် ။" အိုဆယ်ဟွန်း မဖြစ်နိုင်တာမပြောပါနဲ့
ကျွန်တော်တို့က တွဲနေတာတောင်
မဟုတ်ပဲ ဘာကို လက်ထပ်မှာလဲ
အိမ်ကသဘောတူတဲ့လူကို မယူချင်တာနဲ့ပဲ
ကျွန်တော့်ကိုတကယ်အစားထိုးမလို့လား ""ကိုယ် ထင်တယ် မင်းက တွေ့ဖူးသမျှ
မိန်းမတွေလောက်တော့
အာရုံမနောက်နိုင်ဘူးလို့ hk"ပုခုံးကို တွန့်ကာ ပြောလာတဲ့ဆယ်ဟွန်းကို
ဂျုံအင် ပိတ်ထိုးလိုက်ချင်ပါသည် ။အပြန်အလှန်
အချစ်မရှိတဲ့အိမ်ထောင်ရေးကို ဂျုံအင် မလိုချင်ပါ ။" ကျွန်တော် မလုပ်နိုင်ဘူး မင်းရဲ့ ရူးကြောင်ကြောင် အတွေးတွေကို လာမပြောနဲ့ကွာ"
YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''