လူရှင်းနေသည့်လမ်းမပေါ်မှာတော့
လေတိုးသံပင်မကြားရအောင် တိတ်ဆိတ်နေ၏။ဆယ်ဟွန်းက အတင်းခေါ်ခဲ့လို့သာ လိုက်လာခဲ့ရပေမဲ့ ဂျုံအင်ကတော့ သိပ်ပြီး သဘောမတွေ့လှပါ ။
မဖြစ်နိုင်တဲ့ င်္မဂလာပွဲကို ဘယ်သူက လက်ခံမှာမို့လို့လဲ ။ဆယ်ဟွန်းက အဲကွန်းကို အရှိန်မြှင့်လိုက်ပြီး အေးအေးဆေးဆေးသာ ကားကိုဆက်မောင်း
လာခဲ့၏ ။" ဆယ်ဟွန်း တကယ် အခုလို လုပ်မှာလား "
နောက်ဆုံးတစ်ခေါက် ဂျုံအင်က သူ့အား မေးလိုက်ပါသည် ။ ဘာမှ မကြားသလို အမူအယာနဲ့
ကားကိုဆက်မောင်းနေတဲ့ အိုဆယ်ဟွန်းကို
သူလည်း ထပ်မပြောချင်တော့ပါ ။၁၅ မိနစ်လောက် မောင်းပြီးသည့်နောက်မှာတော့
ခြံဝသို့ရောက်၏ ။စဝင်ဝင်ခြင်းမှာ မြင်လိုက်ရတဲ့
နှင်းဆီခင်းကြီးကြောင့် ဂျုံအင် မှန်ကိုချ၍ ကြည့်လိုက်သည် ။နှင်းဆီတွေကိုအရောင်စုံအောင် စိုက်ထားတာကြောင့် အတော်လေးကိုလှသည် ။
တစ်ခြား ပန်းပင်တွေကိုလည်း စနစ်တကျကို စိုက်ထား၏ ။" ဆင်းရအောင် ဂျုံအင် "
ဆယ်ဟွန်းကို ခေါင်းငြှိမ့်ရုံငြှိမ့်ပြကာ ဂျုံအင် ကားပေါ်က ဆင်းလိုက်၏ ။
ဧည့်ခန်းကို စစဝင်ဝင်ခြင်းမှာပင်
လူတစ်ချို့က အဆင်သင့်စောင့်နေပါသည် ။
အေးစက်နေတဲ့ မျက်လုံး အစုံနှင့် ကြည့်နေသည့်အမျိုးသမီးဘေးမှာတော့ နှုတ်ခမ်းအနီရင့်ရောင်နဲ့ မိန်းကလေးက နှုတ်ခမ်းကို တင်းတင်းစေ့၍ ကြည့်နေသည် ။ ဘေးတွင်တော့ အိမ်အကူလို့ ထင်ရသည့် အမျိုးသမီးက မတ်တပ်ရပ်နေပါသည် ။" တကယ် ခေါ်လာတာပဲ ဆယ်ဟွန်း မင်းရူးနေတာလား "
ဆယ်ဟွန်နဲ့ ဂျုံအင်ထိုင်လိုက်တဲ့ အချိန်မှာပဲ
သူ့အမေက စကားစလာပါသည် ။" ဟုတ်တယ်လေ အာရာလဲ ရှိနေတော့ အတော်ပဲပေါ့ တစ်ခါတည်း မိတ်ဆက်ပေးရတာပေါ့"
YOU ARE READING
Will We Try To Be Together(U+Z)
Fanfictionအဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ ''