Part 12

36 7 0
                                    

ဒီနေ့နဲ့ဆို ဂျုံအင် ဒီအိမ်ကြီးမှာ လာနေတာ တစ်လနဲ့ ၅ရက် မြောက်နေ့ ။

ကျန်တာတွေ အားလုံး အဆင်ပြေပြေရှိနေပေမဲ့
အိုဆယ်ဟွန်းအမေနဲ့ ကတော့ အတော်ကို လက်ပေါက်ကပ်လွန်းလှပါသည် ။

ညနေဖြစ်တာကြောင့် ဂျုံအင် ခြံထဲမှာ လေညှင်းခံရင်း ဟိုဟိုဒီဒီ လျှောက်တွေးနေလိုက်တယ် ။
နေ့လည်က မိုးရွာထားတဲ့အတွက် ရာသီဥတုကက ခပ်စိမ့်စိမ့်နဲ့ အေးမြမြလေး ဖြစ်လို့နေသည်။

လေတစ်ချက်အဝေ့မှာ ရလိုက်တဲ့ မြေသင်းနံ့ကြောင့် ဂျုံအင့် စိတ်တို့ လန်းဆန်းသွားရပါသည် ။

ကားစက်သံကြားလ်ုက်တာကြောင့်
ဂျုံအင် ခြံဝဆီသို့ အကြည့်ရောက်သွားသည် ။
ကားနံပါတ်ကိုကြည့်မိတော့ အိုဆယ်ဟွန်း ဖြစ်နေတဲ့အတွက် သူ ခေါင်းကို ဒီဘက်ကို ပြန်လှည့်နေလိုက်သည်။

"ပင်ပန်းလာပြီလား "

ကြီးကြီးက အထုတ်တွေ ကူဆွဲပေးပြီး မေးလိုက်ပါသည် ။

" ဟူး "

ကားပေါ်က အဆင်းမှာ မောနေပုံရတဲ့ ဆယ်ဟွန်းကို
ဂျုံအင် လှည့်ကြည့်မိလိုက်သည် ။

ဒီနေ့အရင်နေ့တွေကလို မဟုတ်ပဲ အဝတ်အစားက
ထူးဆန်းနေသည် ။ အမြဲ လက်ရှည်တီရှပ်တွေကိုပဲ
ပုံစံကျကျဝတ်တတါတဲ့ သူက ဒီနေ့မှာတော့ လုံးဝ ခြားနာနေသည် ။

ခပ်ပွပွ တီရှပ်ကို ဘောင်းဘီအတိုနဲ့
တွဲဝတ်ထားတဲ့ သူ့ပုံစံက မြင်နေကြ လူကြီး ပုစံမျိုးနဲ့ လုံးဝ ကွဲထွက်နေသည် ။ နဖူးပေါ်ကို ဝဲကျနေတဲ့ ဆံပင်တွေကို သူလက်ဖြင့် သပ်လိုက်ကာ

" မောနေလို့ ခြံထဲခဏ အအေးခံလိုက်ဦးမယ်"

ဆယ်ဟွန်းစကားအဆုံးမှာ ကြီးကြီးက ခေါင်းတစ်ချက်ကို ပြုံး၍ ညှိမ့်လိုက်ပါသည် ။

ဂျုံအင်လဲကြည့်နေရာကနေ ခေါင်းကို ဒီဘက်ကို ပြန်လှည့်ကာ ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေလိုက်သည် ။

 Will We Try To Be Together(U+Z)Where stories live. Discover now