Unicode
*ရိပေါ်လုံးလေးရဲ့ မွေးနေ့မှာ အမှတ်တရအနေနဲ့ ရေးချင်လို့ ရေးလိုက်တာပါနော်။ chapter တစ်ခုတော့မဟုတ်ပါဘူးရှင်။*
"ကိုကို့ရဲ့ဂျင်းလုံးလေး"
"ကိုကို ရေ... ကိုကို ရေ..."
"အင်း ဟင်."
"ကို ကို့"
"ဟင် အလုံးလေး ခဏလေးနော်.."
အလုံးလေးက သူ့ကိုတတွတ်တွတ်ခေါ်နေပေမယ့် ရှောင်းကျန့်မှာ project report တွေကို mail ကနေ attached file တွဲပြီး ပို့နေရတာမို့ ချက်ချင်းလှည့်မကြည့်နိုင်ဖြစ်နေလေသည်။
"ကိုကိုရေ... အလုံးကို ကြည့်ပါဦး ... ကိုကို ရေ."
ဒီတစ်ခါအသံလေးကိုတော့ဖြင့် ရှောင်းကျန့်မှာ အလုပ်ထဲ ဘယ်လိုမှ စိတ်မနှစ်နိုင်တော့ဘဲ ဖြတ်ခနဲ လှည့်ကြည့်လိုက်သည်။
"ဟော ဗျ.."
ခြုံစောင်ကို သင်္ကန်းလို ပတ်ထားပြီး ခေါင်းမှာလည်း တဘတ်ကို ခေါင်းပေါင်းပတ်ထားတဲ့ ပုံစံလေးက ပုံ့ပုံ့အိုင့်အိုင့်လေးနဲ့ အရမ်းအသည်းယားစရာ ကောင်းနေသလို ရှောင်းကျန့်မှာ ရယ်လည်း ရယ်ချင်သွားတော့သည်။
"ဘာပုံလေးလဲ အလုံးလေးရယ်... ဟ ဟ.."
"ကိုကို ဘာလို့ရယ်တာလဲ.."
စူထော်ထော်လေးဖြစ်နေတဲ့ လုံးစိန်လုံးလေးဆီ လျှောက်သွားလိုက်ပြီး ရှောင်းကျန့်က ကောက်ပွေ့လို့ မွှေ့ရမ်းပစ်လိုက်တော့သည်။
"အ ဟိ ဟိ ဟိ..."
ပွေ့ချီလာရင်း ခုံမှာထိုင်လိုက်တော့ အလုံးလေးက သူ့ကို မှုန်တုံတုံလေး ကြည့်ရင်း
YOU ARE READING
ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)
FanfictionUnicode ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ first year က လုံးလုံးကစ်ကစ် အလုံးလေးတို့ရဲ့ love story လေးပါ။ Zawgyi ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက...