Unicode
ဒီနေ့ ရိပေါ်တို့ကျောင်းမှာ forest major ရဲ့ ဘောလုံးပွဲရှိသည်။
အတန်းလိုက်အဆင့်ပဲ ရှိသေးတာမို့ ရိပေါ်တို့ 4th year နဲ့ 1st year အတန်းနှစ်တန်း အုပ်စုဗိုလ်လုရမှာဖြစ်သည်။
ပြီးရင် အုပ်စုဗိုလ်ရတဲ့အသင်းတွေက ရှုံးထွက်တွေပြိုင်ပြီး နောက်ဆုံးကျန်တဲ့နှစ်သင်း ဗိုလ်လုပြီးတဲ့နောက် မေဂျာပေါင်းစုံက ဗိုလ်ရလာတဲ့ အသင်းတွေနဲ့ ပြန်ပြိုင်ရမှာဖြစ်လေသည်။
နောက်ဆုံးအနိုင်ရသွားတဲ့အသင်းက ဖလား ရမည်ပေါ့။
ကိုကိုကတော့ ရိပေါ်ကို ပြောပါတယ်။ အရမ်းထိခိုက်ဒဏ်ရာတွေရအောင် မကစားနဲ့တဲ့။ သူတို့ပေးတဲ့ဖလားမရရင် ကိုကို ဝယ်ပေးမယ်တဲ့။
အဟင်းဟင်း... ကောကောတို့... တိတိတို့... ကျဲကျဲတို့... မေ့မေ့တို့မှာရော အဲ့လို ပြောမယ့် အလုံးရဲ့ကိုကို လို ကိုကိုမျိုး ရှိကြလားဟင်...။
အယ်... မရှိကြဘူးပဲနော်... ဘွာတေးနော်... အလုံးလေ မသိလို့ မေးမိတာနော်... အားကြီးစိတ်မကောင်းလိုက်တာ ခွစ် ခွစ် ခွစ်......။
ရှောင်းကျန့်က ရုံးကနေ ခပ်တည်တည်နဲ့ စောဆင်းလာပြီး ညနေ ၄ နာရီမှာ စ ကန်မယ့် ဘောပွဲမှာ အပီအပြင် နေရာယူပြီးနေလေပြီ။
အလုံးလေးတို့ အုပ်စုဗိုလ်လုရမှာလေ... သူလာမှဖြစ်မှာပေါ့.... အ ဟင်း ဟင်း....
တစ်ဖက်အသင်းက ကစားသမားတွေကလည်း ပထမနှစ်သာပြောတယ်။ ရှည်လျားနေလိုက်တာ... အရပ်တွေပြောပါတယ်...။ နှစ်ချို့ repeater တွေများလား...။ အထက်တန်းကို ဘယ်နှစ်နှစ်လောက်ဖြေပြီးမှ အောင်လာပြီး တက္ကသိုလ်ရောက်လာကြတဲ့သူတွေပါလိမ့်။
အလုံးလေးတို့ စတုတ္ထနှစ်က ကလေးတွေက အလုံးလေးလို ချစ်စရာ ပုပုလုံးလုံးလေး တစ်ယောက်ရယ်၊ ပိန်ပိန်သေးသေး တွေ များလေသည်။ ချီဝမ်တစ်ယောက်သာ ရှည်လပျံပါတာ။ ဒါတောင် သူက ပိန်ရှည် ဟိုဖက်က ဟာတွေလို ဗလရှိတာ မဟုတ်။
ဖန်ရှင်းဆို မျက်မှန်သမား မဟုတ်ဘူးလား။ အခုတော့ မျက်ကပ်မှန် တပ်ထားပုံပဲ။ ဒီကောင်လေးက မြင်ရော မြင်ရရဲ့လား မသိပါဘူး... ဂိုးပေါက်မှားသွင်းနေမှဖြင့်... ငါ့နှယ်နော်...။
YOU ARE READING
ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)
FanfictionUnicode ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ first year က လုံးလုံးကစ်ကစ် အလုံးလေးတို့ရဲ့ love story လေးပါ။ Zawgyi ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက...