Unicode
ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် ရှောင်းကျန့်က အေးအေးဆေးဆေးပင် အလုံးလေးအတွက် အစားအစာတွေ တစ်မျိုးပြီးတစ်မျိုး ချက်ပြုတ်ကျွေးမွေးနေသည်။
အလုံးလေးကလည်း ကိုကို့ကို ကူလုပ်ပေးမယ်ဆိုပြီး သူ့ဘေးမှာ လှုပ်တုပ်လှုပ်တုပ်နဲ့ ကူရှုပ်နေလေရဲ့။
"ကိုကို မနက်က မားမားတို့ ပို့ပေးတဲ့ ရွှေရင်အေးတွေရော."
"ရေခဲသေတ္တာထဲသိမ်းထားတယ် အလုံးလေး။ အခု စားချင်လို့လား."
"မစားသေးပါဘူး။ နေ့လည်မှစားမယ်လေ။ အခု ကော်ပြန့်စားမယ် ဟီး."
ရှောင်းကျန့်က ရယ်လိုက်ပြီး သူ့ကို သွားလေးစိလို့ ရယ်ပြနေတဲ့ အလုံးလေးရဲ့ နဖူးလေးကို အသာငုံ့နမ်းလိုက်သည်။
ကော်ပြန့်တွေကို ကိုက်ပေးရင်း အပေါ်ကနေ အချဉ်ရည်နဲ့ အရွက်တွေ၊ နံနံပင် ကြက်သွန်မိတ်လှီးထားတာကို ဖြန့်တင်ပေးလိုက်သည်။
"ကိုကိုကရော စားသေးဘူးလားဟင်."
ရှောင်းကျန့်က အိုးထဲကနေ အဆင်သင့်ဖြစ်နေတဲ့ ပန်ကိတ်နဲ့ မုန့်ပြားသလက်လေးတွေကို ပုံစံခွက်ထဲကနေ ကော်ပြီး ပန်းကန်ထဲထည့်နေသည်။
"အလုံးလေး စပ်ရင် ပန်ကိတ်စား။ မုန့်ပြားသလက်က ငရုတ်သီးစိမ်းပါတယ်နော်။ သတိထားဦး."
"ကိုကိုရော စား... အာ..."
အလုံးလေးက ကော်ပြန့်တစ်ဖတ်ကို တူနဲ့ယူပြီး သူ့ကို ခွံ့ကျွေးနေတာမို့ ရှောင်းကျန့်က ခေါင်းငုံပြီးပါးစပ် ဟပေးလိုက်သည်။
"ကိုကိုက တော်ပြီ။ အလုံးလေးပဲစားတော့။"
"ဟုတ်."
ပလုတ်ပလောင်းစားနေတဲ့ အလုံးလေးကို ရှောင်းကျန့်က ပြုံးကြည့်နေရင်း
"ချော့ကလက်ပူပူလေး သောက်မယ်မဟုတ်လား အလုံးလေး."
"ဟုတ် ကိုကို။ ကိုကို နားဦး။ ပင်ပန်းနေပြီ."
သူ့ခါးကို လာဖက်ပြီး မျက်နှာကို အုပ်ကိုင်လို့ ခြေဖျားလေးထောက်ရင်း သူ့နှုတ်ခမ်းတွေကို ပြွတ်ခနဲ လာနမ်းလေတဲ့ အလုံးလေးကို ရှောင်းကျန့်က ပွေ့ချီမလိုက်ပြီး ထော်ထော်လန်လန်လေးကို အားရပါးရ စုပ်နမ်းပစ်လိုက်သည်။
YOU ARE READING
ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)
FanfictionUnicode ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ first year က လုံးလုံးကစ်ကစ် အလုံးလေးတို့ရဲ့ love story လေးပါ။ Zawgyi ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက...