Unicode
ရိပေါ်လေးက အိပ်ခန်းထဲက ဆတ်တီခုံနဲ့ စားပွဲမှာထိုင်ပြီး လက်ပ်တော့တစ်လုံးနဲ့ စာလုပ်နေသည်။ ကိုကိုကလည်း ခုတင်ကိုကျောမှီထိုင်ပြီး အိပ်ယာထဲမှာ ခြေဆင်းထိုင်လို့ လက်ပ်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေလေသည်။
ရိပေါ်က ဖြေရှင်းမရဖြစ်နေတဲ့ program ကြောင့် မျက်မှောင်လေးတွေတွန့်ပြီး စူပုပ်ပုပ်ဖြစ်လာသည်။ ကိုကိုရှိရာကို လှမ်းကြည့်လိုက်တော့ ကိုကိုက အလုပ်ကို အာရုံစိုက်ပြီး လုပ်နေသည်။
ရိပေါ်လေးက လက်ပ်တော့လေးပိုက်ပြီး ကိုကို့ဆီ ပြေးသွားလိုက်သည်။
"ကိုကို ကိုကို ... အလုံးကို ဒါလေးရှင်းပြပါနော်."
ရှောင်းကျန့်က သူ့ကို မျက်ပေတုံးတောက်တောက်လေးတွေနဲ့ ကြည့်လို့ လက်ပ်တော့လေးကမ်းပေးလာတဲ့ အလုံးလေးကို မော့ကြည့်လိုက်သည်။
SAS Statistic software နဲ့ data run ထားတာကို မြင်တာကြောင့် ရှောင်းကျန့်က အလုံးလေးဆီက လက်ပ်တော့ကို လှမ်းယူလိုက်သည်။
"error ပဲပြနေတယ် ကိုကို.. ဘာမှားလို့လဲ သိဘူး."
ဒီ software က program ရေးတာမှာ comma တွေ semi comma တွေ ကျန်ရင်လည်း အဖြေမထွက်လာတတ်ပေ။ အသေးစိတ်ပြန်ကြည့်ဖို့လိုတာကြောင့် ရှောင်းကျန့်က လက်ပ်တော့ကို စားပွဲပေါ် ခဏတင်ထားလိုက်သည်။
"အလုံးလေး.. ကိုကို ပြီးကျ သေချာရှင်းပြမယ်နော်."
ရိပေါ်လေးက နှုတ်ခမ်းလေး စူထော်သွားတော့သည်။
ကိုကိုက သတိထားမိပုံမရဘဲ သူ့အလုပ်သူဆက်လုပ်နေလေသည်။
အရင်ကဆို ကိုကိုက ဘာဖြစ်ဖြစ် ရိပေါ်ကိုပဲ ဦးစားပေးနေကျ။ အခုဆို ကိုကိုက သူ့ကို ဂရုမစိုက်တာတွေများနေပြီဖြစ်သည်။
"ကိုကို့ အခု ရှင်းပြ."
"ဒါလေးက ပြီးခါနီးနေပြီ အလုံးလေးရဲ့. ခဏလေးနော် အလုံး.. လာ လာ ကိုကို့ရင်ခွင်ထဲ လာနေနော်."
သူ့ကို လက်ကမ်းလို့ လှမ်းခေါ်နေတာကလည်း ကိုကိုက ရိပေါ်ကို ကြည့်ပြီး ခေါ်တာမဟုတ်။ အဖြစ်ခေါ်နေတာမျိုး။
ESTÁS LEYENDO
ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)
FanficUnicode ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ first year က လုံးလုံးကစ်ကစ် အလုံးလေးတို့ရဲ့ love story လေးပါ။ Zawgyi ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက...