အပိုင်း (၃၁)

8.6K 772 143
                                    

Unicode

ဒီနေ့ စနေနေ့ ကျောင်းပိတ်ရက် မနက်ခင်းကစပြီး ရိပေါ်လေးကတော့ အားကစားလုပ်တော့မည်ဖြစ်သည်။

ဝိတ်ချတော့မည်။  ကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်ပြီး ကိုယ့်ကိုကိုယ် သေချာလှည့်ပတ်ကြည့်လိုက်သည်။

ဘေးတိုက်ကလေးရပ်ပြီး ဝတ်ထားတဲ့ စွပ်ကျယ်လက်ပြတ်ပွပွကြီးကို အနောက်ကနေ စုဆွဲလိုက်လေသည်။

ဗိုက်လုံးလုံးလေးက အထင်းသားပေါ်လာတော့ ရိပေါ်လေးက အလိုမကျစွာ နှုတ်ခမ်းလေးကို စူပစ်လိုက်တော့သည်။

ဗိုက်ကလေးကို အသာပွတ်သပ်လိုက်ရင်း

"ငါ ဘာမှတောင် မစားရသေးဘဲနဲ့ မင်းကပူနေရသလား။ လွန်လွန်းတယ်."

သူ့ကို ဘယ်လောက်လုံးလုံး ချစ်တယ်လို့ ပြောတဲ့ ကိုကို့စကားတွေ ကြားယောင်မိတော့ စူထော်နေရာကနေ ကျေနပ်စွာ ပြုံးသွားလေသည်။

သူငယ်ချင်းတွေကပြောတယ်... ဒီလိုသာ စားနေလို့ ဝတုတ်နေမယ်ဆို မင်း ကိုကိုက ကြာရင် ကောင်မလေး လှလှလေးတွေကို ကြိုက်သွားလိမ့်မယ်တဲ့။

ကိုကိုက ရိပေါ်ကိုပဲ ချစ်တာကြီးကို... သူတို့တွေက ဘာမှလည်း မသိဘဲနဲ့ လာ လာပြီး လျှောက်ပြောနေကြတာပဲ။

ဘယ်သူတွေ ဘယ်လောက်လှလှ ရိပေါ်ကိုကျော်ပြီး ဘယ်သူမှ ကိုကို့အချစ်ကို မရနိုင်ပါဘူးနော်။

ကိုကိုနဲ့အလုံး ဆိုတာ ခွဲခြားလို့ရရိုးလား လို့ အ ဟစ် အ ဟစ်...

ရိပေါ်လေး ဝိတ်ချဖို့ ဆုံးဖြတ်လိုက်တာက ကိုကို သူ့ကို ပွေ့ချီတဲ့အခါ ကိုကို လေးနေမှာစိုးလို့ပါနော်။

ပိကျိလေး ဝိတ်ကျသွားရင် ကိုကို သူ့ကို ချီရတာ ပိကျိလေး ပေါ့သွားတာပေါ့ လို့။ 

ရိပေါ်က အစားလျှော့စားမယ်ပြောပေမယ့် ကိုကိုက ခွင့်မပြုဘူး။ ရိပေါ် မစားရင် ကိုကိုက စိတ်မကောင်းတွေဖြစ်တာလေ။

ရိပေါ်လေးက ကိုကို့ကို ဝမ်းမနည်းစေချင်ပါဘူးနော်။

အာ့ကြောင့် ကျောင်းပိတ်ရက် ၂ ရက်မှာ ကိုကိုနဲ့အတူ လေ့ကျင့်ခန်းလုပ်မယ်လို့ သတ်မှတ်လိုက်ကြတာ။

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)Where stories live. Discover now