အပိုင်း (၂၆)

11.1K 852 136
                                    

Unicode

ရှောင်းကျန့်က အိပ်ယာဘေးမှာပဲ ခေါက်စားပွဲပုလေးချပြီး MacBook တစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။ အလုပ်နဲ့ပတ်သက်တဲ့ report တွေရေးရင်း ရုံးချုပ်ဆီ email ပို့ရန်ပြင်ဆင်နေသည်။ နံဘေးအိပ်ယာထဲမှာလှဲနေတဲ့ အလုံးလေးက သူ့ပေါင်ပေါ်ခေါင်းအုံးရင်း ဂိမ်းဆော့နေသည်။

ရှောင်းကျန့်က စာရိုက်နေရင်းက ဘယ်လက်နဲ့ အလုံးလေးရဲ့ မျက်လုံးလေးတွေကို အသာအုပ်လိုက်သည်။

"အိ... ကို ကို့ . မလုပ်နဲ့ ... အလုံး ဆော့နေတာ level အရမ်းမြင့်နေပြီ."

အလုံးလေးက သူ့လက်ကို ဆွဲဖယ်ရင်း ဆက်ဆော့နေလေသည်။

ရှောင်းကျန့်က ပြုံးရင်း ပါးဖောင်းဖောင်းလေးတွေ၊ နှာခေါင်းလုံးလုံးလေး၊ နှုတ်ခမ်းဖူးဖူးလေးကို တို့ထိရင်း မျက်နှာလုံးလုံးလေးကို လက်မနဲ့ လက်လေးချောင်းသုံးပြီး အသာလေးညှစ်လို့ စ နောက်နေသည်။

"ကို ကို့... အလုံး ဂိမ်းရှုံးလိမ့်မယ် လို့."

ဒီတစ်ခါတော့ အလုံးလေးက သူ့ပေါင်ပေါ် ခေါင်းအုံးအိပ်နေရာကနေ position ပြောင်းသွားလေသည်။ ခြေထောက်လေးနှစ်ဖက်ကို သူ့ပေါင်ပေါ်ပစ်တင်ထားရင်း မှောက်လျားကလေး ဂိမ်းဆက်ဆော့နေတော့သည်။

ရှောင်းကျန့်ကရယ်လိုက်ပြီး ခြေသလုံးတုတ်တစ်ကလေးတွေကို အသာဆုပ်ညှစ်လိုက်ပြီး စာဆက်ရိုက်နေလေသည်။

ခဏကြာတော့ ရှောင်းကျန့်က သူ့ပေါ်တင်ထားတဲ့ ခြေသလုံးကလေးတွေကို နှိပ်နယ်ပေးရင်း ဒူးကွေးပြီး ထောင်ထားတဲ့ ခြေဖဝါးလေးတွေကို ဖျစ်ညှစ်လို့ လက်ညှိုးလေးနဲ့ ကလိယားထိုးလို့ စ နေသည်။

"ကို ကို့.. ယား တယ် မ လုပ် နဲ့."

ခြေဖဝါးအချင်းချင်း ပွတ်သပ်ရင်း အလုံးလေးက ခြေထောက်တွေကို အတင်းတွန်းထိုးလိုက်သည်။

ရှောင်းကျန့်က အကြံတစ်ခုခုရသွားဟန် ပြုံးလိုက်ပြီး စားပွဲပေါ်က ဘောပင်လေးကို အသာကောက်ယူလိုက်သည်။

ဝင်းဥနုဖတ်လို့ ပန်းနုရောင်သန်းနေတဲ့ ခြေဖဝါးလေးတစ်ဖက်ကို အသာထိန်းကိုင်လိုက်ပြီး ဖဝါးပြင်ထက်မှာ အသည်းပုံလေးကို  ဘောပင်နဲ့ ရေးဆွဲနေလေသည်။

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)Donde viven las historias. Descúbrelo ahora