Unicode
ချုံချင်မြို့နဲ့ မနီးမဝေးမှာရှိတဲ့ ဟိုင်ကန်ရွာလေးမှာ ရောက်နေကြတဲ့ ကိုကိုနဲ့အလုံး..။
ဟိုင်ကန်ရွာလေးက ပင်လယ်နဲ့တောင်တွေ ဝန်းရံထားတဲ့ ရွာလေးဖြစ်သည်။ ရက်ကန်းစက်ရုံတွေလည်း ရှိပြီး တစ်ရွာလုံးက ချည်ထည်ရက်လုပ်တဲ့လုပ်ငန်းအပြင် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ အ မဲလိုက်လုပ်ငန်းတွေနဲ့ အသက်မွေးကြတာဖြစ်လေသည်။ မြို့မကျ တောမကျရွာလေးဖြစ်ပြီး လူတွေရဲ့ အမူအကျင့်လေးတွေကတော့ ရိုးသားဖြူစင်ကြပေသည်။
ဟိုင်ကန်ရွာ ရက်ကန်းထည်တွေက အရည်အသွေးကောင်းတာကြောင့် ချုံချင်မြို့မှာပဲနေပြီး ဘိုးဘွားပိုင် အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်တဲ့ ရှောင်းမားမားက ပိတ်စ အထည်တွေကို ဟိုင်ကန်ရွာကနေ မှာယူချုပ်လုပ်လေသည်။
တစ်ခါတစ်လေ မားမားက ခိုင်းလိုက်လို့ ဟိုင်ကန်ရွာကို လူကိုယ်တိုင်လာပြီး ချည်ထည် ပိတ်စတွေ လာမှာရလေ့ရှိတဲ့ ရှောင်းကျန့်က ခပ်တည်တည်နဲ့ အလုံးလေးကို ဟိုင်ကန်ရွာကို ခိုးပြေးလာခြင်းဖြစ်သည်။
ဟိုအရင် ဘိုးဘွားတွေ လက်ထက်ကတည်းက အဆက်ဆက် ရင်းနှီးနေပြီးသားဖြစ်သော ယဲ့ဦးလေးရဲ့ အကူအညီနဲ့ သူစီစဉ်ပေးထားတဲ့ အိမ်မှာ စတည်းချနေကြလေသည်။
"ယဲ့ဦးဦး... ကျွန်တော် ဒီရောက်နေတဲ့အကြောင်း ဘယ်သူ့ကိုမှ လှမ်းအကြောင်းမကြားနဲ့နော်"
အဝတ်အထည်တစ်ချို့၊ အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ လာပို့ပေးတဲ့ ယဲ့ဦးလေးကို ရှောင်းကျန့်က အရေးဆိုနေခြင်းဖြစ်သည်။
"အေးပါကွာ... ။ ဒါပေမယ့် ငါ့ကို အမှန်အတိုင်းတော့ ပြောထား... ကျန့်ကျန့်... မင်း ဟိုကလေးလေးကို ခိုးပြေးလာတာမဟုတ်လား"
ယဲ့ဦးဦးက ခြံဝန်းကျယ်ထဲမှာ စွန်လွှတ်ကစားနေတဲ့ အလုံးလေးကို ကြည့်ရင်း ၊ ယူလာတဲ့ပစ္စည်းတွေကို နေရာချပေးနေတဲ့ သူ့အလုပ်သမားကောင်လေး မကြားအောင် တိုးတိုးကပ်မေးလာခြင်းဖြစ်သည်။
ရှောင်းကျန့်က လည်ပင်းပွတ်နေရင်း စပ်ဖြဲဖြဲနှင့် ခေါင်းညိမ့်ပြလိုက်သည်။
ESTÁS LEYENDO
ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)
FanficUnicode ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ first year က လုံးလုံးကစ်ကစ် အလုံးလေးတို့ရဲ့ love story လေးပါ။ Zawgyi ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက...