အပိုင်း (၆)

16.5K 1.2K 308
                                    

Unicode

ရှောင်းကျန့်က ဒီနေ့မအားဘူး. အလုပ်တွေအရမ်းရှုပ်နေတယ်။ မဟုတ်ဘူး... တကယ်တော့ ရှောင်းကျန့်က နောက်ရက်တွေလည်း အားမှာ မဟုတ်တော့ဘူး။ အရာအားလုံးထက် အရေးကြီးတဲ့ အလုံးလေးက သူ့ဘဝထဲကို တရားဝင် ရောက်ရှိလာပြီ။

အလုံးသာ ကိုကို့ဘဝ..

အလုံးသာ ကိုကို့ကမ္ဘာ.

အလုံးသာ ကိုကို့အသက်..

အလုံးမရှိရင် ကိုကိုမရှိ.

အလုံးနဲ့ဆက်မှရှည်မယ့် ကိုကို့အသက်...

ဒီလိုစကားတွေက ခံစားဖူးတဲ့သူမှ နားလည်မှာ။ မခံစားဖူးတဲ့သူတွေကို သွားပြောနေတော့ ရှောင်းကျန့်ရင်ထဲက ရင်တွင်းဖြစ်စကားလုံးတွေကို သူတို့က ကြက်တူရွေးစာအံသလို ရွတ်ပြနေမှာပဲ။ ငါ ပြောတာ မင်းတို့နားလည်တယ်မဟုတ်လား။ စာဖတ်တတ်တဲ့သူတိုင်း ဒါကို ဖတ်တတ်တယ်ကွာ။ ဒါပေမယ့် မခံစားဖူးရင်တော့ mono tone ကြီးတွေနဲ့ ရွတ်နေမှာပဲ။ ဆရာသင်တဲ့စာကို နားမလည်လည်း စာမေးပွဲအောင်ဖို့ အသေမှတ် အလွတ်ရွတ်နေသလိုမျိုးပေါ့။

ကဲ. ဆိုတော့ကာ... မင်းတို့တွေထဲမှာရော ခံစားဖူးတဲ့သူရှိရင် လက်ညှိုးထောင်ကြကွာ။ OK. ရပြီ... မင်းတို့ ဘယ်သူမှ ချစ်သူမရှိကြတော့ ဒါကို မခံစားတတ်တာ ငါ သဘောပေါက်ပါတယ်။

မင်းတို့ ငါ့ကို အားကျနေကြပြီ မဟုတ်လား။ ငါ မင်းတို့ကို နည်းလမ်းပေးပါ့မယ်။

ဝမ်ရိပေါ်ဆိုတဲ့ အလုံးလေးလို ချစ်ဖို့ကောင်းတဲ့ ချစ်သူလေး ရဖို့ဆိုရင် မင်းတို့က ယုန်သွားလေး တွေရယ်၊ နှုတ်ခမ်းအောက်ကမှဲ့လေးရယ်ရှိပြီး တောင့်ဖြောင့်ခန့်ညားတဲ့ ရှောင်းကျန့် ဖြစ်ဖို့တော့ လိုတာပေါ့။

မင်းတို့က ရှောင်းကျန့်မဟုတ်ဘူးဆိုတော့..  လစ်လိုက်တော့ ညီလေး/ ညီမလေးတို့... OK.!!

--------------------

ရှောင်းကျန့်က ဦးလေးလော့ ကင်န်တင်းမှာ ပေါင်မုန့်ကြက်ဥကြော်နေတယ်။ မဒမ်လော့က ကြော်ပေးမယ်ပြောနေပေမယ့် ရှောင်းကျန့်က သူ့အလုံးလေးအတွက် ကိုယ်တိုင်လုပ်ချင်နေလို့ပါ။ ဦးလေးလော့ကင်န်တင်းဆိုတာက သစ်တောမေဂျာဖက်မှာရှိတဲ့ mini canteen လေးတစ်ခုဖြစ်သည်။ ရှောင်းကျန့်တို့တွေ ပထမနှစ် စ တက်တဲ့နှစ်မှာပဲ ဖွင့်ခဲ့တာမို့ ဦးလေးလော့နဲ့ မဒမ်လော့တို့ ဇနီးမောင်နှံက သူတို့နှစ်ကို တစ်ခြားနှစ်တွေထက် ပိုသံယောဇဉ်ကြီးလေသည်။

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)Where stories live. Discover now