အပိုင်း (၁၆)

11.1K 998 226
                                    

Unicode

ကိုကိုနဲ့အလုံးတို့ရဲ့ မင်္ဂလာပွဲလေးကတော့ အောင်မြင်စွာနဲ့ ပြီးသွားခဲ့လေပြီ။

ညနေပိုင်းမှာတော့ ခွင့်ရက်များများမရတဲ့ ဝမ်ချောင်ရဲ့ အပြန်ခရီးကို ရှောင်းကျန့်တို့က လေဆိပ်ထိ လိုက်ပို့လိုက်ကြပြီး ရှိနေတဲ့ သူငယ်ချင်းတစ်တွေပဲ သီးသန့်ဝိုင်းလိုက်ကြသည်။ ဟွိုက်စန်းက ဘီယာကို ပုလင်းလိုက်မော့လိုက်ပြီး

"Half CHEERS ထီလက်မှတ်ပျောက်နေတဲ့ ငါ့သူငယ်ချင်းကြီး... နောက် ၃ လ နေမှ အပြည့်အဝ cheer ပေးမယ် သားကြီး"

ဟား ဟားးးး

ဟောက်ရွှမ်းကလည်း ပြုံးစေ့စေ့ဖြင့်

"ကိုကာကိုလာပဲ သောက်နေရတာ စိတ်မကောင်းဘူး ကျန့်ကြီးရာ... ဟဲဟဲ..."

ဒီည ယောက္ခမအိမ်မှာ ညအိပ်ပြီး နောက်ရက်မှ ပေကျင်းကို ပြန်ရမှာမို့ ရှောင်းကျန့်ခမျာ မူးယစ်စေမယ့်အရာတွေ ဘာမှ မသောက်ရဲရှာပေ။ ယောက္ခထီး ယောက္ခမတွေရှေ့မှာ အမှတ်လျော့လို့ မဖြစ်ဘူး မဟုတ်လား။

သူငယ်ချင်းကောင်းများကတော့ သူ့ရှေ့မှာ တစ်ပုလင်းပြီး တစ်ပုလင်း ဖောက်သောက်နေကြလေသည်။ ရှောင်းကျန့်မှာတော့ အီလည်လည်နဲ့ပဲ အအေးခွက်ကို မော့သောက်ပစ်လိုက်ရသည်။

"နင် ဝိုင် လောက်တော့ သောက်လို့ရပါတယ် ရှောင်းကျန့်ရဲ့... သောက်မလား"

Wine နဲ့ အအေးတွေကို ရောသောက်နေကြတဲ့ ဝမ်ချင်နဲ့ မျန်မျန်က သူ့ကို ကြည့်ရင်း ရယ်ကျဲကျဲနဲ့ လှမ်းမေးလာသည်။ ရှောင်းကျန့်က နှာခေါင်းရှုံ့ပြလိုက်ရင်း

"No... ဝိုင် ဆိုတာကလည်း alcohol ပဲ. မဖြစ်ဘူး... ဒီနေ့ကတော့ ငါ့ကို ဘယ်လိုမှ လာမဆွဲဆောင်နဲ့ No ဆိုမှ No ပဲ."

"အမယ်လေး... ရှောင်းကျန့်ရယ်... ကြည်ညိုလိုက်တာဟယ်။ ငါတို့ သူငယ်ချင်းဘဝတစ်လျှောက်လုံး ဒီနေ့လောက် နင့်ကို တစ်ခါမှ မကြည်ညိုဖူးဘူး သိလား"

ခွီးးး.....

"ကလေး မုန့်ပေးကြိုက်ရင်းက အောင်မြင်စွာနဲ့ အိမ်ထောင်သည်ဖြစ်သွားတဲ့ သယ်ရင်းကြီး... အေ့.. half congratulations ပါကွာ... တကယ် ဝမ်းသာတယ် သားကြီးရာ... အေ့..."

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)Donde viven las historias. Descúbrelo ahora