အပိုင်း (၁၈)

12.6K 1K 433
                                    

Unicode

"ရိပေါ် တစ်ယောက်တည်းလား။ ကိုယ် ဒီမှာ ထိုင်မယ်နော်."

Central Library  နားက main dining မှာ နေ့လည်စာကို အားရပါးရစားနေတဲ့ ရိပေါ်လေးက အသံကြောင့်မော့ကြည့်လိုက်လေသည်။ သူ့ရှေ့မှာ lunch tray ကို ကိုင်ပြီး ပြုံးလျက်ကြည့်နေတဲ့ စီနီယာချိုက်မင်ဟန်ကို မြင်လိုက်ရတာကြောင့် ရိပေါ်က တအံ့တဩ ဖြစ်သွားတော့သည်။

ဟင့်အင်း မထိုင်ပါနဲ့ လို့ပဲ ပြောလိုက်ရမလား... ကိုကိုက စီနီယာနဲ့ စကားမပြောရဘူး လို့ တားမြစ်ထားတာကြောင့် ခေါင်းပဲ ခါပြလိုက်ရမလား... ရိပေါ်လေးက စားလက်စ ထမင်းလုတ်ကလေးနဲ့ ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

ဖန်ရှင်းနဲ့ ကျင်းရီတို့ကလည်း ကြာလိုက်တာ . ဘာလို့ မလာကြသေးတာပါလိမ့်။ main dining မှာက မေဂျာပေါင်းစုံက ကျောင်းသားတွေ လာစားလေ့ရှိကြတာမို့ တန်းစီနေကြတဲ့ ကျောင်းသားတွေကများပြားလွန်းနေသည်။ ဖန်ရှင်းနဲ့ကျင်းရီက Toilet အရင်ဝင်ပြီးမှ နေ့လည်စာ Menu ကို ရွေးချယ်နေကြတာမို့  သူတို့အလှည့်မရောက်ကြသေးဘဲ ဖြစ်နေကြလေသည်။

ရိပေါ် ထိုင်နေတဲ့ စားပွဲမှာကလည်း ၄ ယောက်လောက်ထိုင်လို့ရတာမို့ နေရာတွေက လွတ်နေသည်။ စီနီယာချိုက်မင်ဟန်က ရိပေါ်ဆီက အဖြေကို မစောင့်တော့ဘဲ ရိပေါ်နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တော့သည်။

"မတွေ့တာကြာပြီနော် ရိပေါ်."

ရိပေါ်က ငြိမ်သက်နေမိသည်။ အခုထိ နေ့လည်စာအတွက် တန်းစီနေကြဆဲဖြစ်တဲ့ ဖန်ရှင်းနဲ့ ကျင်းရီကို မစောင့်တော့ဘဲ ထမင်းကို မြန်မြန်စားပြီး bubble tea ဗူးလေးကိုတော့ လမ်းမှာပဲ သောက်သွားတော့မည် လို့ ဆုံးဖြတ်လိုက်သည်။

"ရိပေါ်က စာပေအသင်းမှာ ပါတယ်မဟုတ်လား။ အစ်ကိုကလည်း စာပေကော်မတီမှာ အတွင်းရေးမှူးလေ။ ဒီည ပထမနှစ်တွေရဲ့ အဆောင်မှာ နံရံကပ်စာစောင်အတွက်အစည်းအဝေးလုပ်ကြဖို့ရှိတယ် ရိပေါ်"

ရိပေါ်ကတော့ ခုထိ ဘာမှ ပြန်မဖြေပေ။ ချိုက်မင်ဟန်က ရှေ့တည့်တည့်ကနေ ထိုင်လို့ နေ့လည်စာ စားနေရင်း သူ့ရှေ့က နို့မလိုင်လုံးလေးကို သေချာစိုက်ကြည့်နေမိသည်။ ချစ်စရာကောင်းလိုက်တာ ကွာ...။

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)Tempat cerita menjadi hidup. Temukan sekarang