အပိုင်း (၃၃)

7.9K 658 67
                                    

Unicode

ရိပေါ် ရေချိုးပြီး အပြင်ထွက်လာတော့ ကိုကိုက ဝတ်ရမယ့်ဝတ်စုံလေးကို အဆင်သင့်ထုတ်ပေးထားလေသည်။

အနက်ရောင်ဘောင်းဘီပွပွနဲ့ တီရှပ်အဖြူရောင်ပွပွကြီးကို ဝတ်ပြီးတာနဲ့ အပေါ်ကနေ အဖြူနဲ့ အနက်ကွက်လေးတွေပါတဲ့ ရှပ်အင်္ကျီအကွက်လက်ရှည်ကို ထပ်ဝတ်လိုက်သည်။

ပြီးတာနဲ့ နို့ရည်အနည်းငယ်ယူလိမ်းလိုက်ပြီး အခန်းပြင်ကို ပြေးထွက်ခဲ့လိုက်‌တော့သည်။

"ကိုကို ရေ..."

အသာစာစာခေါ်သံလေးကြောင့် ဧည့်ခန်းထဲမှာ ထိုင်ရင်း အလုပ် လုပ်နေတဲ့ ရှောင်းကျန့်က လှမ်းကြည့်လိုက်သည်။

အလုံးလိုက်ကလေး ပြေးလာနေတဲ့ အလုံးလေးကိုကြည့်ပြီး ရှောင်းကျန့်က ပြုံးသွားသည်။

သူရွေးချယ်ပေးထားတဲ့ ဝတ်စုံလေးနဲ့ အလုံးလေးက တကယ့်ကို ချစ်စမွှေးလုံးလေး။ မနေ့ကပဲ ဆံပင်တိုတိုကပ်ကပ်လေးညှပ်ပေးထားတာမို့ မျက်နှာလုံးလုံးလေးနဲ့ လိုက်ဖက်စွာ ခေါင်းလုံးလုံးလေးပေါ်မှာ ဘောလုံးကေလို လုံးလုံးလေး။

ရှောင်းကျန့်က အလုံးလေးကို အမြဲတမ်း အဝတ်အစား ပွပွကြီးတွေချည့်ဆင်တာဖြစ်သည်။ fit size တွေဝတ်ရင် အလုံးလေးက လုံးတစ်နေတော့ မင်းတို့တွေ သွားရည်တမြားမြားကျနေကြမှာစိုးလို့လေ။

အင်္ကျီပွပွဖြစ်တာတောင် လက်ပြတ်ကလေးများဖြစ်နေရင် အလုံးလေးရဲ့ လက်ဖောင်းဖောင်းတုတ်တုတ်ကလေးတွေကို မင်းတို့က ငါ့ကိုကျော်ပြီးတောင် ပြေးကိုက်ချင်နေကြတာ မဟုတ်လား။

ဘောင်းဘီတိုပွပွဖြစ်နေရင်လည်း ပေါ်နေတဲ့ ခြေသလုံးတွေကို မင်းတို့ ငမ်းကြတာ ဆိုတာများ... ဒါတွေဟာ ငါ့အတွက်ဆိုတာ မင်းတို့ မသိလေရော့သလား။

ဒီအရေတွေကို ကြိုတွေး ကြိုမြင်လို့ ကြိုပြင်ဆင် ကာကွယ်ထားတာတောင်မှ ငါ့မှာ မင်းတို့အန္တရာယ်ကို ရှောင်ရတိမ်းရအင်မတန်ခက်တယ်နော်။

ငါ့အလုံးလေးကို အလုံထုတ်ကလေးလို ထုတ်သိမ်းထားတာတောင် အဲ့ဒီအလုံးထုတ်ကလေးအတိုင်း မင်းတို့က ခိုးပြေးဖို့ ကြံစည်နေကြတယ်ဆိုတာ ငါက သိနေတာကိုး။

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)Where stories live. Discover now