အပိုင်း (၈)

10K 1K 186
                                    

Unicode

ဒါရိုက်တာရှောင်းကျန့်ရဲ့ ညွှန်ကြားချက်နဲ့ အညီ ပါမောက္ခဆရာကြီးတွေပုံစံ အယောင်ဆောင်ပြင်ဆင် ပြီး ဝမ်မိသားစုအိမ်ဧည့်ခန်းမှာ ရောက်ရှိနေကြတဲ့ ကျန်းချန်နဲ့ ဟိုက်ခွန်းမှာ အပြင်ဘန်းက တည်ငြိမ်နေပေမယ့် ရင်ထဲမှာတော့ အတော်ဂဏှာမငြိမ်ဖြစ်နေကြလေသည်။ အတုအယောင်မှန်း ရိပ်မိကုန်မှာလည်း စိုးရသေးသည်။

"ကျောင်းသား ဝမ်ရိပေါ်က ဒုတိယနှစ်တက်နေတာလည်း တဝက်ကျိုးနေပြီ။ တန်းဝက် စာမေးပွဲ တောင် ဖြေရခါနီးနေပါပြီ။ ဒီအချိန်ကျမှ ကျောင်းနားလိုက်မယ်ဆိုရင် နှမျောစရာလည်းကောင်း တယ်လေ။ ဒါကြောင့်ပါ ခင်ဗျာ"

အလယ်.... တယ်တော်တဲ့ ငါ ပါလား.။ ကျန်းချန်က စိတ်ထဲကနေ သူ့ကိုယ်သူ ချီးကျူးထောပနာ ပြုလိုက်သည်။ ဝမ်ရိပေါ်တို့ကို စာသင်နေရတဲ့ professor ကြီးတွေ ပုံစံဟန်ဆောင်ပြီး လာရောက်တာမို့ လူကြီးတွေက ရိပ်မိဖို့တော့မလွယ်ပေ။ ဒါလည်း ရှောင်းကျန့်ရဲ့ အစီအစဉ်ပင်။ အဆောင်မှူး၊ ဟောကျူတာဆရာအငယ်တွေဆိုရင် မြင်ဖူးနေနိုင်တာမို့ အိမ်ကလူကြီးတွေက သိသွား နိုင်သည်လေ။

ကျန်းချန်နဲ့ ဟိုက်ခွန်းက အလုပ်ကိစ္စနဲ့ လော့ယန်ဖက်ကို ရောက်လာရင်း ဝမ်ရိပေါ် ကျောင်းနားမယ့် အကြောင်းသတင်းကြားမိလို့ ကိုယ့်တပည့်ကိုလာရောက် ဖျောင့်ဖျသလို အိမ်လာလည်တဲ့သဏ္ဌာန် သရုပ်ဆောင်နေကြခြင်းဖြစ်လေသည်။ ဒီလို ကလိန်ကကျစ်ကျဖို့ဆို ဉာဏ်အလွန်ကောင်းသော ရှောင်းကျန့်ကို ဘာသာပေါင်းစုံနဲ့ မေတ္တာပေါင်းစုံပို့နေရင်းကနေ ကျိတ်ချီးကျူးလိုက်ရသေးသည်။

အိမ်ကလူကြီးတွေက ဘာကြောင့် ဝမ်ရိပေါ်ကို ကျောင်းနားဖို့ ဆုံးဖြတ်ကြောင်းကိုလည်း မသိချင်ယောင်ဆောင်ပြီး နေလိုက်ကြသည်။ လူကြီးများက လည်း ဘယ်သူမှတော့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ကိုယ့်သား ရည်းစားထားတဲ့ အကြောင်းကို တော့ သူတို့ကို ပြောမှာမဟုတ်တာ သိနေတာကြောင့်လည်း ကျန်းချန်တို့က ကလေးကို ကျောင်းမနား သင့်ကြောင်းကိုသာ တွင်တွင် နားချ နေကြလေသည်။

ဝမ်ပါးပါးနဲ့ ဝမ်မားမားကတော့ ဆရာနှစ်ယောက် လာပြောတဲ့အတွက် ကျေးဇူးတွေတင်ပြီး သဘောကျကျေနပ်နေကြလေသည်။ ကြီးဒေါ်အပျိုကြီးကတော့ တုံဏှိဘာဝေလုပ်နေသည်။ ရိပေါ်လေးကတော့ ကြီးကြီး ဘယ်လို ဆုံးဖြတ်လိုက်လေမလဲလို့ ခန်းဆီးလိုက်ကာနောက်ကနေ ချောင်းနားထောင်နေလေသည်။

ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)Where stories live. Discover now