Unicode
ပေကျင်းတက္ကသိုလ်မှာ ဇာတိမြို့အလိုက် မိသားစုအသင်းတွေရဲ့ ပထမနှစ်ကလေးတွေကို ကြိုဆိုတဲ့ပွဲတွေရယ်၊ ဈေးရောင်းပွဲတွေရယ်နဲ့ စည်ကားနေလေသည်။
ရှောင်းကျန့်တစ်ယောက်လည်း သူ့ရဲ့ ဇာတိမြေဖြစ်တဲ့ ချုံချင် family ပွဲမှာ ဒီနှစ်အတွက် ချုံချင်ကလာတဲ့ ကလေးတွေကို welcome လုပ်ရင်း တစ်ဖက်မှာလည်း ချုံချင်မိသားစုအသင်းက မိုချိမုန့်လေးတွေကို အသင်းရန်ပုံငွေအတွက် ရောင်းကြတာမို့ ဈေးရောင်းရင်း အလုပ်များ နေလေသည်။ အကြီးဆုံးအတန်းကလည်း ဖြစ်သလို မျက်နှာချိုပြီး စကားပြောကောင်းသော၊ ဖော်ရွေသော ရှောင်းကျန့်က ဦးဆောင်ပြီး လှုပ်ရှားနေသည်။ ဟောက်ရွှမ်းကလည်း စီနီယာ ဆရာကျိရန်ကို ပိုးပန်းချင်တာနဲ့ သူ့မိသားစုအသင်းဖြစ်တဲ့ နမ်ကျင်း family ပွဲကို မသွားဘဲ ရှောင်းကျန့်နဲ့အတူ ဈေးရောင်းပွဲကို ကူရောင်းသလိုနဲ့ စီနီယာ့အနားမှာ ရစ်သီရစ်သီ။
ဖြူဖြူလုံးလုံးနဲ့ အထဲမှာ စတော်ဘယ်ရီညှပ်ထားသော မိုချိမုန့်လုံးလေးတွေနဲ့ ပင်မှည့်သီးညှပ် ထား သော မိုချိမုန့်လုံးလေးတွေ ထည့်ထားတဲ့ မုန့်ဗူး ၂ ဗူးကို ရှောင်းကျန့်က သီးသန့် သိမ်းဖယ်ထား လိုက်သည်။ ဒါက သူ့ရဲ့ အလုံးလေးစားဖို့။ ခဏနေရင် ရှောင်းကျန့်က ချုံချင်အသင်းရဲ့ ကိစ္စတွေကို အငယ်တန်းက ဂျူနီယာကလေးတွေနဲ့ လွှဲထားခဲ့ပြီး အလုံးလေးရှိနေမယ့် လော့ယန် family အသင်း ရဲ့ welcome ကို သွားရန်ကြံစည်ထားသည်။
မိသားစုအသင်းတွေမှာက ဆရာ၊ ဆရာမအငယ်တွေနဲ့ 4th year, final year က ကျောင်းသူ ကျောင်းသားတွေက ဦးဆောင်ပြီး လှုပ်ရှားကြတာဖြစ်သည်။ အငယ်တန်းတွေကတော့ အတန်းကြီး က စီနီယာတွေ နောက်လိုက်လို့ လိုအပ်သမျှ ကူညီလုပ် ပေးကြရင်း နောင်တစ်ချိန် သူတို့ ဦးဆောင် နိုင်ဖို့ သင်ယူကြရလေသည်။ ရှောင်းကျန့်တို့တုန်းကလည်း ရှေ့က စီနီယာတွေ သင်ပေးတာကို နာယူဆည်းပူးခဲ့ကြရသည်။ သူတို့ကျောင်းမှာကတော့ ဒီလို ပျော်ပွဲရွှင်ပွဲတွေမှာမှမဟုတ်၊ တစ်ခြား သော အားကစားပွဲတွေ၊ ကျောင်းစာနဲ့ ပတ်သက်ပြီးလည်း စီနီယာတွေက ဂျူနီယာတွေကို ဒီလိုပဲ လက်တွဲခေါ်ယူပြီး သင်ပေးရတာ အစဉ်အလာဖြစ်လေသည်။
YOU ARE READING
ကိုကိုနဲ့အလုံး (အိုင်တီအစ်တ်)
FanfictionUnicode ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက်အောင်ချစ်ဖို့ကောင်းလွန်းတဲ့ first year က လုံးလုံးကစ်ကစ် အလုံးလေးတို့ရဲ့ love story လေးပါ။ Zawgyi ရူပါဖြောင့်၍ ပျော်ပျော်နေတတ်တဲ့ final year က ကိုကိုနဲ့ ဖျစ်ညှစ်ချင်လောက...