အပိုင်း(၁)

31.1K 507 11
                                    

အေးစက်သွားတဲ့ ငါ.နှလုံးသား...

မင်းနဲ့တွေ့မှနိုးလာတယ် ...

ကွဲအက်သွားတဲ့ အသည်းဒဏ်ရာ.......
မင်းရဲ့လက်နဲ့ပျောက်ကုန်ပြီ .......

ဟောင်းနွမ်းခဲ့တဲ့ အိမ်မက်များ ....
အေးစက်မည်းမှောင်ငါ့ညများ အိမ်မက်သစ်တွေမွေးဖွားလို့ ရင်ကိုနွေးထွေးသွား .........
အကြင်နာညများ လင်းလက်သွား... 🎶🎵🎤🎧

အို့.. အို
ကောင်းလှချည်လားဟေ့..
.
ဟဲ့..
ဇာခြည်...နင်ဘယ်ချိန်တည်းကရောက်နေတာတုန်း

အမယ်.. သူသာသီချင်းထဲမျောနေပြီးတော့
လူတစ်ယောက်လုံးဝင်လာတာတောင်မသိဘူးမလား
ဟွန့်.. နှလုံးသားတွေဘာတွေနိုးထလာတယ်ဆိုတော့
ကမ.. နင်ရည်းစားတွေဘာတွေရနေတာလား
(ဟား.. ဟား.. ဟား)

တိတ်စမ်း
အသံဆိုးနဲ့လာရီနေတယ်..
မြူနှင်းကဇာခြည့်ကိုမျက်စောင်းထိုးလိုက်တော့သည်..

စတာပါဟယ် နင်ကလည်းစိတ်ချည်းဘဲ
ဒါနဲ့.....နင်တောင်ဂစ်တာတီးကျွမ်းနေပြီဘဲ.. ဟဲဟဲ
အသံလေးဆိုးတာတစ်ခုဘဲ..

ဟဲ့ဇာခြည်.. နင်ငါ့အိမ်တစ်ကူးတကလာပြီးတော့
ငါ့ကိုအပိုင်ဖဲ့နေတာဘဲ..
နင်ဘာကိစ္စနဲ့လာတာလဲပြော..

ဟုသားဘဲ. နင့်ကိုစကောင်းနေတာနဲ့
လာရင်းကို.. မေ့သွားတယ်
ဒီလိုဟ.. နင့်အမေတို့ပဲခူးဘက်အလည်သွားမယ်လို့နင်ပြောတယ်မလား

အေးလေ.. အဲ့တာဘာဖြစ်လို့လဲဇာခြည်..

ဘယ်လောက်ကြာမလဲဟဲ့..

တစ်လကျော်လောက်ကြာမယ်တော့ထင်တယ်ဟ

အဲ့တာဆိုအတော်ဘဲ.. မြူနှင်းရေ
ငါအရင်ကအခန်းဌားထားတာလေ
အဲ့တာကအလုပ်နဲ့နည်းနည်းဝေးနေတယ်
အခန်းဌားအသစ်မရှာခင်အထိ ငါနေဖို့.. အဲ့တာ

အမလေးဟယ်.. ပြောနေစရာလိုလို့လား
နင်ကလည်း
လာနေ.. ငါတောင်အဖော်ရသေးတယ်

မဟုဘူး.... 😕
..
ဘာမဟုတ်တာလဲ ဇာခြည်ရ
..
ငါတစ်ယောက်တည်းမဟုဘူး
ငါ့သူငယ်ချင်းတစ်ယောက်ပါ.. ပါတယ်
နယ်ကနေ.. ငါ့အမေအဆက်အသွယ်နဲ့လာတော့..
သူ့ကိုလည်းငါနဲ့အတူနေစေချင်တာ.. အမေက
ပြီးတော့... ငါနဲ့လည်းအလုပ်တူတယ်လေ..

AzureLove(မိုးပြာရောင်အချစ်)Where stories live. Discover now