(Zawgyi)
ကားကိုအရှိုန်တင်လိုက်ကာ... မြို့ပြရဲ့ညမီးရောင်များအောက်မှ..အရှိန်ထိုးမောင်းနေလေသည်...
မိုးသား ကားမောင်းနေရင်းဖြင့် ဘေးဘီနှစ်ဖက်ကိုလည်း..ကြည့်ကာဖြင့် မြူနှင်းအားရှာဖွေနေသည်...
သို့သော်လည်း အရိပ်အယောင်မျှမတွေ့ပေ...
*****
"သုတ...မိုးသားကဘယ်သွားတာလဲသေချာသိလို့လား.."
"မသိဘူးဈာန်... မြူနှင်းအိမ်ပြန်မလာဘူးဆိုပြီး..ရှာဖို့ထွက်သွားတာ..မိုးချုပ်နေပြီလေ..အဲ့တာစိတ်ပူလို့ လိုက်လာတာ.."
လင်းသုတ ကားကိုအရှိန်တင်လိုက်ပြီး..မိုးသားကိုလိုက်ရှာနေလေသည်...
******
မိုးသားမျက်နှာမှာမျက်ရည်များစိုရွှဲနေလေသည်...
ကားကိုလည်းအဆက်မပြတ်မောင်းနေကာ..ချစ်ရသူကိုရှာဖွေနေမိသည်....
"ကျွီ.."
မိုးသားရုတ်တရက် ဘရိတ်အုပ်လိုက်သည်...
ထို့နောက်ကားကို အနည်းငယ်ဆုတ်လိုက်ပြီး...
ကားလမ်း၏အခြားတစ်ဖက်..လမ်းဘေးထိုင်ခုံလေးတွင်ထိုင်နေသော..လူတစ်ယောက်အား.. မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်လိုက်သည်..
"ကို...."
ပါးစပ်ကလည်းတဖွဖွဖြင့်...
လမ်းဘေးမီးတိုင်အောက်ကခုံလေးတွင်ထိုင်နေသော..မြူနှင်း...
မိုးသား ကားကိုဘေးချရပ်လိုက်ပြီး...
လူကူးမျဉ်းကျားလေးထိပ်မှာရပ်ကာ.. မြူနှင်းဆီသို့...ငေးကြည့်နေလေသည်...
မြူနှင်း..စိတ်ဓာတ်ကျကာထိုင်နေရင်း...အမှတ်တမှတ် လမ်းဘက်သို့ကြည့်မိရာ...
"မိုး..."
ထိုင်နေရာမှ ထရပ်လိုက်ကာ...
ကားလမ်းမကြီးခြားနေသော်လည်း..နှလုံးသားချင်းနီးစပ်နေသော လူနှစ်ယောက်... စူးရှတဲ့ မျက်လုံးနှစ်စုံတို့အကြည့်ချင်းစုံကာ...
မြူနှင်း လမ်းမဘက်သို့တဖြေးဖြေးလျောက်လာသည်...
လူကူးမျဉ်းကျားလေးမှဖြတ်ကာ..မိုးသားဆီကိုအရောက်လာနေသည်...
YOU ARE READING
AzureLove(မိုးပြာရောင်အချစ်)
Любовные романы(Zawgyi) 🔞18+လေးတွေ.. နည်းနည်းပါမယ်.. ပထမဆုံးfixလေးမို့.. ဝေဖန်အကြံပြုကြပါအုံး.. အမှားပါရင်ခွင့်လွှတ် ပါ... ဆက်ကြိုးစားသွားပါအုံးမည်... ************************ ☁☁☁A Z U R E L O V E☁☁☁ 💙💙💙( မိုး ပြာ ရောင် အ ချစ်) 💙💙💙 💫**ThaeSuWai**💫 (u...
