Ring.. Ring.. 📲📲
အာ.. အစောကြီးဘယ်သူလဲကွာ...
မြူနှင်းတစ်ယောက်အိပ်ချင်မူးတူးနှင့်ဖုန်းကိုင်လိုက်သည်..
ဟယ်လို....သမီးအိပ်ယာမထသေးတာလား..
အော်.. မေမေ
သမီးနိုးပါပြီမေမေရဲ့နည်းနည်းပြန်မှေးနေတာ
ဟီး.. ဟီး..ဒါနဲ့.. ဇာခြည်တို့ရောနေရတာအဆင်ပြေလားသမီး
ပြေပါတယ်.. မေမေရဲ့..
ဟုတ်မေမေ
ဟုတ်
ဟုတ်ကဲ့..
End..မေမေရဲ့ဩ၀ါဒများခံယူပြီးနောက်.. မြူနှင်းအိပ်ယာမှထလိုက်သည်..
*****
အ၀တ်အစားလဲ ပြီးအခန်းတံခါးသို့ဖွင့်လိုက်ရာ
မျက်နှာချင်းဆိုင်အခန်းမှထွက်လာသောမိုးသား..
ဂါဝန်အဖြူလေးနှင့်လှချင်တိုင်းလှနေသော မိုးသားကို
မြူနှင်းသည်.. သေသေချာချာကြည့်နေမိတော့သည်...မြူနှင်း.. မြူနှင်း..
ဟင်......
ခေါ် လိုက်တာလားမိုးသားဟုတ်တယ် ခေါ်နေတာမြူနှင်းရဲ့ ဘာတွေဒီလောက်တောင်ငေးနေတာတုန်း...
ဟိုဟာ....
မြူနှင်းတစ်ယောက်ကြောင်အမ်းအမ်းဖြစ်သွားသည်..လာ..မနက်စာစားလို့ရပြီ...လာ...
မိုးသားသည်မြူနှင်း၏လက်မောင်းအားကိုင်ကာပြောလိုက်သည်...
ဒုန်း.. ဒုန်းဒုန်း. ဒုန်း..
မြူနှင်း၏ရင်ထဲမှာလေမုန်တိုင်းဝေ့သွားလေပြီ..
******
ဟော.. လာကြ
မနက်စာစားမယ်...
ဇာခြည်မှမိုးသားနှင့်မြူနှင်းကိုခေါ်လိုက်လေသည်...ဇာခြည်မနက်အစောကြီးထချက်နေတာလား
အဲ့လိုမလုပ်ပါနဲ့.. အပြင်မှာဝယ်စားလည်းရတာဘဲဟာ..မြူနှင်းပြောသည်ကို...မိုးသားလည်းထောက်ခံလိုက်သည်..
အေးလေဇာခြည်ရယ်..
နောက်ရက်တွေအလုပ်သွားရင် မလုပ်ပေးဖြစ်တော့ပါဘူးဟာ
ငါအားတုန်းလေးလုပ်ကျွေးထားတာစား
နန်းကြီးသုတ်.. မြူနှင်းကြိုက်တယ်မလား..ကြိုက်တာပေါ့..
ငါ့သူငယ်ချင်းလေးက.. ငါ့အကြိုက်တွေမှတ်မိသားဘဲ
ငါစားပြီဟေ့...
YOU ARE READING
AzureLove(မိုးပြာရောင်အချစ်)
Romance(Zawgyi) 🔞18+လေးတွေ.. နည်းနည်းပါမယ်.. ပထမဆုံးfixလေးမို့.. ဝေဖန်အကြံပြုကြပါအုံး.. အမှားပါရင်ခွင့်လွှတ် ပါ... ဆက်ကြိုးစားသွားပါအုံးမည်... ************************ ☁☁☁A Z U R E L O V E☁☁☁ 💙💙💙( မိုး ပြာ ရောင် အ ချစ်) 💙💙💙 💫**ThaeSuWai**💫 (u...