အပိုင်း(၆)

10.2K 284 1
                                        

"ဇာခြည်.ဂရုစိုက်သွားနော်.. ခရီးမှာလည်း
အစစအရာရာအဆင်ပြေပါစေနော်"

ဇာခြည်အလုပ်ကိစ္စနဲ့ခရီးသွားရမည်ဖြစ်သောကြောင့် မိုးသားနှုတ်ဆက်နေသည်..

"ငါ့ဖို့မုန့်ဝယ်ခဲ့အုံးနော်" မြူနှင်းမှဇာခြည်အားစနောက်လိုက်သည်..

"အင်းပါနှစ်ယောက်စလုံးအတွက်ဝယ်ခဲ့မယ်.. သွားပြီတာ့တာ"
ဇာခြည်လည်းမိုးသားနဲ့မြူနှင်းတို့ကိုနှုတ်ဆက်ကာသွားလေသည်.

မိုးသားနှင့်မြူနှင်း နှစ်ယောက် ဇာခြည်ကိုနှုတ်ဆက်ပြီးအပြန်. ဧည့်ခန်းဘက်သို့လျှောက်လာသည်..

မိုးသားသည်စားပွဲပေါ်တွင်တင်ထားသောရေသန့်ဘူးဖြင့်ရေ
သောက်နေလေသည်..
ထိုစဉ်..
" မိုး... ကိုတို့အခုလွပ်လွပ်လပ်လပ် ဒချိလို့ရပြီ နော်"

"ခွီး... အမလေး.. အဟွတ် ဟွတ်"

မြူနှင်း၏စကားကြောင့်.. မိုးသားရေသီးသွားလေသည်..

"မိုးအဆင်ပြေလား.. ဖြေးဖြေး"
မြူနှင်းစိုးရိမ်တကြီးဖြင့်..မိုးသား၏အနားသို့ရောက်လာသည်..
"မပြေဘူး..
ဟွန့်.. နားရှက်စရာတွေလာပြောနေတယ်"
မိုးသား၏ချစ်စရာကောင်းပုံတို့ကြောင့်မြူနှင်းမှာ
မရိုးမယွဖြစ်နေလေသည်...
မြူနှင်းသည်.. မိုးသား၏ရှေ့သို့တိုးလိုက်သည်..
မိုးသားလည်းခြေတစ်လှမ်းနောက်ဆုတ်သွားသည်..

မြူနှင်းလည်းရှေ့သို့တစ်လှမ်းထပ်တိုးလိုက်သည်..
ရေဘူးလေးကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားသောမိုးသားမှာ
နောက်သို့တစ်လှမ်းထပ်ဆုတ်လိုက်သည်

ထိုအခါမိုးသား၏ကျောနောက်မှာစားပွဲသာရှိတော့သည်..

မြူနှင်းရှေ့တစ်လှမ်းထပ်တိုးလိုက်ပြီး..
မိုးသားကိုရင်ခွင်ထဲထည့်ကာ.. စားပွဲသို့လက်နှစ်ဖက်ထောက်လိုက်သည်...

မိုးသား၏ဆံပင်နွယ်လေးတွေကိုနမ်းရှိုက်ရင်း..
"ကို့ကို.. ရင်တွေခုန်အောင်မိုးအရမ်းပြုစားတာဘဲနော်"

မြူနှင်းကိုမော့ကြည့်နေသောမိုးသား..
ကလေးလေးတစ်ယောက်အလား.. မိုးသား၏မျက်ဝန်းများမှာဖြူစင်လှသည်...

AzureLove(မိုးပြာရောင်အချစ်)Where stories live. Discover now