ဒေါက်..ဒေါက်...
"၀င်ခဲ့ပါ..."
လင်းသုတအခန်းဝသို့ကြည့်လိုက်သည်...
"ကိုကို...ညီမလေးတို့နဲ့အတူတူ အောက်ထပ်မှာထမင်းဆင်းစားရအောင်..."
"ကောင်းသားဘဲညီမလေး..ကိုကိုလည်းတစ်ယောက်တည်းထမင်းစားရတာ မကြိုက်ဘူး..."
"အဲ့တာဆို ထ...အတူတူသွားမယ်"
မိုးသားနဲ့လင်းသုတထမင်းစားရန် အောက်ထပ်သို့ဆင်းလာကြသည်...
ထမင်းစားခန်းဝသို့ရောက်သောအခါ..
လင်းသုတမြင်လိုက်ရတဲ့မြင်ကွင်း...ထူးဈာန် ထမင်းဝိုင်းပြင်နေလေသည်...
ယောက်ျားလေးဆိုပေမယ့် ပြင်ဆင်နေပုံက သပ်ရပ်ပြီး..ကျွမ်းကျင်လှသည်... ထမင်းပွဲပြင်ရင်းနှင့် ပြုံးပျော်ကြည်နူးနေသော ထူးဈာန်....."ဟာ..ငါဘာလို့ရင်တွေတအားခုန်နေရတာလဲ"
လင်းသုတရင်ဘက်ကိုဖိကာ တွေးတောနေမိသည်...
"အကို. အားနာလိုက်တာ ညီမလေးလည်းကူပေးမယ်လေ"
မိုးသားပြောရင်းဖြင့်ဟင်းပန်ကန်များအားသယ်ချပေးနေသည်..
"ရပါတယ်ညီမလေးရဲ့..အဆင်သင့်ဘဲ စားလို့ရပြီ..."
မိုးသားထမင်းဝိုင်းတွင်ဝင်ထိုင်လိုက်သည်...
လင်းသုတထိုင်ခုံကို ထူးဈာန်က နေရာဝင်ချပေးလိုက်သည်..
"ကျေးဇူးဘဲ"
ထူးဈာန်.ရေသွားယူပြီး ထမင်းဝိုင်းတွင်နေရာချလိုက်သည်...
လင်းသုတ ထမင်းစားနေတာကို ထူးဈာန်တစ်ချက်ကြည့်လိုက်သည်..
"ခနလေးနေအုံး..လက်ပေး..."
လင်းသုတကြောင်သွားသည်...
ထူးဈာန်သည် လင်းသုတ၏လက်ကိုဆွဲယူပြီး...ရှည်နေသော လက်ရှည်အင်္ကျီကိုသေချာခေါက်တင်ပေးနေသည်...
လင်းသုတ၏ရင်ခုန်သံများမှာပို၍ပင်မြန်ဆန်လာသည်...
ရင်းနီးသောအထိအတွေ့က...လင်းသုတ၏စိတ်ကို...လှုပ်ရှားသွားစေသည်..."ဟိုဘက်လက်ပေးအုံး.."
လင်းသုတလည်း ထူးဈာန်ပြောသမျှကို လိုက်လုပ်ပေးနေမိသည်...
YOU ARE READING
AzureLove(မိုးပြာရောင်အချစ်)
Romantizm(Zawgyi) 🔞18+လေးတွေ.. နည်းနည်းပါမယ်.. ပထမဆုံးfixလေးမို့.. ဝေဖန်အကြံပြုကြပါအုံး.. အမှားပါရင်ခွင့်လွှတ် ပါ... ဆက်ကြိုးစားသွားပါအုံးမည်... ************************ ☁☁☁A Z U R E L O V E☁☁☁ 💙💙💙( မိုး ပြာ ရောင် အ ချစ်) 💙💙💙 💫**ThaeSuWai**💫 (u...