အပိုင်း(၂၆)

2.3K 109 2
                                    

(Zawgyi)
မြူနှင်းလမ်းလျှောက်နိုင်သော်လည်း ထော့နဲ့ ထော့နဲ့ ဖြစ်နေသည်...

သို့သော်လည်း.. မိုးသားသတိရလာသော သတင်းကြားသောကြောင့် အခန်းထဲမှ ထော့နဲ့နဲ့ဖြင့် အမြန်ထွက်သွားလေသည်...

မေနှင်းကိုလည်း မြူနှင်းနောက်မှအမြန်လိုက်လာလေသည်...

"ညီမလေး ဖြေးဖြေးလျှောက်အုံး... "

နောက်မှ မေနှင်းကိုပြောနေသောစကားကိုလည်း မြူနှင်းမကြားနိုင်တော့ချေ...

မြူနှင်းရော မေနှင်းကိုရော.. မိုးသား၏အခန်းရှေ့သို့ပင် အမြန်ရောက်သွားလေတော့သည်...

တံခါးကိုမေနှင်းကိုကဖွင့်ပေးလိုက်ပြီး. မြူနှင်းမှာ အမြန်ဝင်သွားလေသည်...

တံခါးဖွင့်ဖွင့်ချင်း ကုတင်ဘေးတွ လင်းသုတနဲ့ ထူးဈာန်တို့ မက်တပ်ရပ်နေသောကြောင့် မိုးသားအားကွယ်နေလေသည်...

တံခါးဖွင့်သောအသံကြားသောကြောင့်...
လင်းသုတရော ထူးဈာန်ရောလှည့်ကြည့်လိုက်သည်...

မြူနှင်းကုတင်နားသို့အမြန်လျောက်သွားလေသည်...
မိုးသားမှာ ကုတင်ပေါ်တွင် မှီကာထိုင်နေလေသည်...

မြူနှင်းဘာမှမပြောတော့ဘဲ လင်းသုတနဲ့ ထူးဈာန်တို့ကိုကျော်ကာ.. မိုးသားအားဖတ်လိုက်သည်....

"မိုး..... "
"စိတ်ပူလိုက်ရတာမိုးရယ်... "
မိုးသားဘာမှမပြောချေ...
မြူနှင်းပြန်ခွာလိုက်ပြီး

"သက်သာလားမိုး... ဘယ်လိုနေသေးလဲဟင်.. "

ထိုစဉ်မိုးသားမှ...

"ညီမကဘယ်သူလဲ... "

မြူနှင်းကြောင်သွားလေသည်...
မိုးသားပုခုံးကိုကိုင်ထားသောလက်များလည်းလွှတလိုက်မိသည်...

နောက်ကိုခြေတစ်လှမ်းဆုတ်မိပြီး...

"မိုး... "

မြူနှင်း မျက်ဝန်းထဲမှ မျက်ရည်များ ၀ဲလာပြီး.. နောက်သို့ပြန်လှည့်ကာ.. ပြေးထွက်မည်လုပ်စဉ်...

"မိုးရဲ့ကောင်မလေးမလား... "

မြူနှင်းခြေလှမ်းများရပ်တန့်သွားပြီး... နောက်သို့ပြန်လှည့်ကြည့်လိုက်သည်..

AzureLove(မိုးပြာရောင်အချစ်)Where stories live. Discover now