(zawgyi)
ယနေ့က မိုးသားဆေးရုံကဆင်းရမည့်နေ့ဖြစ်သည်..ထူးဈာန်နဲ့လင်းသုတတို့ အထုပ်အပိုးများပြင်ဆင်ပြီးနောက်.. ပြန်ရန်ပြင်ဆင်နေကြသည်...
"ညီမလေး ဒီမှာခနစောင့်အုံးနော်.. ကိုကိုတို့ ကားထဲကိုပစ္စည်းတွေသွားထည့်လိုက်အုံးမယ်.. "
လင်းသုတနဲ့ ထူးဈာန်တို့နှစ်ဦး ပစ္စည်းပစ္စယာများကိုသယ်ကာ သွားကြလေသည်...
မိုးသားလည်း ပြင်ဆင်ပြီးနောက်အခန်းအပြင်သို့ထွက်လာခဲ့လေသည်...
Ring... Ring...
ဖုန်းလာသောကြောင့် ကားပါကင်သို့ဆင်းရင်းနှင့်ပင် ဖုန်းပြောနေလိုက်သည်...
"ဟယ်လို.. ကို "
("မိုးနဲ့တွေ့ရတော့မှာဆိုတော့ ကိုအရမ်းစိတ်လှုပ်ရှားနေပြီ")
"မိုးလည်း ကို့ကိုလွမ်းနေတာ ပြီးတော့ တွေ့လည်းတွေ့ချင်နေတာလေ.. "
("ဆုတောင်းလိုက်လေမိုး.. ချက်ချင်းပြည့်ချင်ပြည့်မှာပေါ့... ")
"တကယ်လားကို.. "
("တကယ်ပေါ့ မိုးရဲ့ ")
မိုးသားလမ်းလျှောက်ရင်း လျှောက်ရင်းဖြင့် ကားပါကင်နားသို့ရောက်မှန်းမသိ ရောက်လာခဲ့သည်...
"ဟုကို.. မိုးသက်သာပါတယ်.. "
"ဟုအဲ့တာဆို မိုးဖုန်းချလိုက်ပြီနော်.. "
End...
မိုးသားဖုန်းကိုအိတ်ထဲထည့်လိုက်ပြီးနောက်..
ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ...
"ဟာ... ကို.. "
ကားမှာမှီပြီး မိုးသားအလာကိုစောင့်နေသောမြူနှင်း..
လန်းဆန်းတဲ့နေကြာပန်းလေးတစ်ပွင့်နဲ့ရိုး ရှင်းစွာ လှနေသော ပန်းစည်းလေးကို ကိုင်ကာဖြင့် မိုးသားဆီသို့ လျှောက်လာခဲ့သည်...မိုးသားရှေ့ရောက်သောအခါ ပန်းစည်းလေးကိုမိုးသားကိုပေးလိုက်သည်..
"နေမြန်မြန်ကောင်းအောင်နေလို့ မိုးအတွက်ဆုချတာ... "
မိုးသားအနားကိုကပ်လာပြီး ပါးကိုရုတ်တရက်နမ်းလိုက်လေသည်..
YOU ARE READING
AzureLove(မိုးပြာရောင်အချစ်)
Romance(Zawgyi) 🔞18+လေးတွေ.. နည်းနည်းပါမယ်.. ပထမဆုံးfixလေးမို့.. ဝေဖန်အကြံပြုကြပါအုံး.. အမှားပါရင်ခွင့်လွှတ် ပါ... ဆက်ကြိုးစားသွားပါအုံးမည်... ************************ ☁☁☁A Z U R E L O V E☁☁☁ 💙💙💙( မိုး ပြာ ရောင် အ ချစ်) 💙💙💙 💫**ThaeSuWai**💫 (u...