မိုးသား, ဇာခြည်နဲ့ လင်းသုတတို့.. ဧည့်ခန်းထဲတွင်ထိုင်နေကြသည်..
ဆိုင်မှပြန်လာသောမြူနှင်း..
"အကိုလင်းသုတရောက်နေတာကိုး.. "
လင်းသုတအားမြူနှင်းနှုတ်ဆက်လိုက်ပြီး..
ဧည့်ခန်းတွင်ဝင်ထိုင်လိုက်သည်..
"ဟုတယ်မြူနှင်း.. အကိုလမ်းကြုံလို့လှည့်ဝင်လာတာ"
မြူနှင်းနှင့်လင်းသုတတို့စကားပြောနေသည်ကိုမိုးသားမှ
စကားစ၀င်ဖြတ်လိုက်သည်...
"ကိုကိုသွားစရာရှိတယ်ဆို.. ပြန်တော့လေ.. နောက်မှဖုန်းဆက်လိုက်မယ်.. "
မိုးသားပြောလိုက်သည်နှင့်လင်းသုတသဘောပေါက်သွားပြီး
"အဲ့တာဆိုကိုကိုပြန်တော့မယ်...
မြူနှင်း, ဇာခြည်... ပြန်လိုက်ပါအုံးမယ်နော်
ညီမလေးကိုစောင့်ရှောက်ပေးထားတာ.. ကျေးဇူးတင်ပါတယ်"
လင်းသုတပြန်ရန်မက်တပ်ရပ်လိုက်သည်..
မြူနှင်းတို့လည်းမတ်တပ်ရပ်လိုက်ကာ
"ရပါတယ် အကိုလင်းသုတ.."
လင်းသုတရှေ့ကသွားလေသည်..
မိုးသား, လင်းသုတနောက်ကလိုက်သွား၍
ခြံရှေ့အထိလိုက်ပို့လိုက်သည်..
ခြံရှေ့သို့ရောက်သောအခါ..
"ကိုကို.. ညီမလေးမှာထားတာတွေမမေ့နဲ့နော်...
ဒီတစ်ခါတော့မလွဲအောင်ကူညီနော်
ပြောသာပြောရတယ် ခပ်ကြောက်ကြောက်ဘဲ ကိုလွဲသုတရေ.. "
လင်းသုတလည်း.. လှောင်နေသောညီမဖြစ်သူအားကြည့်ကာ
"ကိုကို့, ကိုအထင်မသေးပါနဲ့ညီမလေး..
ကိုကို့တာဝန်ထား.. အားလုံးအိုကေစေရမယ်... "
ပိုင်နိုင်စွာပြောနေသောလင်းသုတအားကြည့်၍
အလွဲလွဲအချော်ချော် မဖြစ်ဖို့ဆုတောင်းရင်း...
မိုးသားစိတ်ချလိုက်သည်...
**********
"မိန်းမရေ.. မိန်းမ...
တံခါးဖွင့်ပါအုံးကွာ... "
အခန်းရှေ့မှအော်ဟစ်နေသောလင်းသုတ..
ထူးဈာန်တစ်ယောက်တံခါးလာဖွင့်လေသည်..
လင်းသုတရီဖြဲဖြဲနဲ့ဝင်လာသော်လည်း ထူးဈာန်မှာမျက်စောင်းထိုးနေလေပြီ...
YOU ARE READING
AzureLove(မိုးပြာရောင်အချစ်)
Любовные романы(Zawgyi) 🔞18+လေးတွေ.. နည်းနည်းပါမယ်.. ပထမဆုံးfixလေးမို့.. ဝေဖန်အကြံပြုကြပါအုံး.. အမှားပါရင်ခွင့်လွှတ် ပါ... ဆက်ကြိုးစားသွားပါအုံးမည်... ************************ ☁☁☁A Z U R E L O V E☁☁☁ 💙💙💙( မိုး ပြာ ရောင် အ ချစ်) 💙💙💙 💫**ThaeSuWai**💫 (u...
