အပိုင်း(၂၁)

4K 115 2
                                    

(zawgyi)

"ဟယ်လို...ကို.
မိုးရောက်နေပြီ"

"ကိုဘယ်ရောက်ပြီလဲ"

"ဟင်ဟုလား..အင်းမိုးစောင့်နေတယ်"

Shoppingmall ထဲတွင် မိုးသား နံရံနားကပ်၍ မက်တပ်ရပ်ကာ မြူနှင်းအားစောင့်နေသည်...

ထို့နောက်မလှမ်းမကမ်းမှာ မြူနှင်းကိုလှမ်းတွေ့လိုက်လေသည်...

အင်္ကျီအဖြူလက်ရည်ကိုခေါက်တင်ထားပြီး...ဂျင်းဘောင်းဘီအနက်ရောင်ခပ်ပွပွလေးကို ဒူးအတိုလေးဖြင့်...မိမိုက်နေသော မြူနှင်းကို တွေ့လိုက်ရသည်... အသားဖြူဖြူ အရပ်ရှည်ရှည်ဖြင့် မိန်းမလေးချင်းတောင် ရင်ခုန်ချင်စရာပင်....

မိုးသားရှိရာသို့ မြူနှင်းလျှောက်လာခဲ့သည်...

"မိုး..စောင့်နေရတာကြာသွားလား..."

"မကြာပါဘူး..မိုးလည်းခုမှရောက်တာ..."

မြူနှင်း, မိုးသားကို ခေါင်းအစခြေအဆုံးကြည့်လိုက်သည်..

ဂျင်းဂါဝန်အတိုလေးနှင့် မြှင့်စည်းထားသော ဆံနွယ်ရှည်ကြောင့် ချစ်စရာအလွန်ကောင်းနေလေသည်...

"ကို...ဘာတွေဒီလောက်တောင်ကြည့်နေတာလဲ"

"ကို့ချစ်သူကချစ်ဖို့ကောင်းလို့..."

"ဟာ..ကိုကလည်း.."
မိုးသားအနည်းငယ်ရှက်သွေးဖြာသွားလေသည်...

မိုးသားလက်ကိုမြူနှင်းဆွဲယူလိုက်ကာ..

"သွားရအောင်.."

မိုးသားနှင့်မြူနှင်းတို့ date လေးကိုစတင်လိုက်သည်...

ပျော်စရာကောင်းသောdate လေးကို နှစ်ဦးသားကြည်နူးစွာဖြတ်သန်းနေကြသည်...

********
မိုးသားနှင့် မြူနှင်းတို့ ၀ယ်လာသောပစ္စည်းများကို ကားနောက်ထဲတွင်ထည့်ပြီးနောက်

ကားရှေ့ခန်းတွင်အတူထိုင်လိုက်သည်...

"မိုး...ကို့အိမ်မှာဒီညအိပ်မှာဆို..."

"အင်းလေ..ကို မိုးကြိုပြောထားတယ်မလား"

"အင်း..မိုးပြောထားတယ်လေ...အ၀တ်အစားတွေရောမပါဘူးလား.....??"

AzureLove(မိုးပြာရောင်အချစ်)Where stories live. Discover now