ခြံရှေ့သို့ ကားရပ်လိုက်သည်နှင့်
မိုးသားခြံတံခါးဆင်းဖွင့်ရန်ပြင်လိုက်သည်...
"နေနေ..ညီမလေး သော့ပေး အကိုသွားဖွင့်ပေးမယ်.."
ထူးဈာန်,မိုးသားဆီမှသော့တောင်းလိုက်ပြီး ခြံတံခါးဆင်းဖွင့်လိုက်သည်...
ခြံတံခါးကိုဖွင့်လိုက်သည်နှင့် ဘေးနှစ်ဖက်မှာ ရောင်စုံပန်းများပွင့်လန်းနေသော...လမ်းတစ်လျှောက်ကိုတွေ့မြင်လိုက်ရသည်.....
ထူးဈာန်ကားကိုမောင်း၍ခြံထဲသို့ဝင်လာသည်....
ကားပြတင်းဝဆီကနေ ခြံထဲသိုကြည့်နေသော လင်းသုတ..
မျက်နှာမှာပြုံးရိပ်သန်းနေသယောင်...နောက်ကြည့်မှန်မှတစ်ဆင့်ထူးဈာန်ကြည့်လိုက်သည်...
ဒီလူသားလေးပျော်ရွှင်ဖို့..ဘာဘဲလုပ်ပေးရ လုပ်ပေးရ.....*******
မိုးသားနှင့် ထူးဈာန် အထုပ်များကိုနေရာချလိုက်သည်...လင်းသုတတစ်ယောက် ခြံထဲသို့သွားလေသည်....
"ကိုကို အပြင်မှာလေစိမ်းတွေတိုက်တယ်နော်..အကြာကြီးမနေနဲ့..."မိုးသားပြောသည်ကို လင်းသုတခေါင်းငြိမ့်ပြလိုက်သည်...
ဘောင်းဘီအိတ်ထဲလက်အသာနှိုက်ကာ ခြံထဲသို့လင်းသုတလျှောက်ကြည့်နေသည်....
ပန်းအရောင်စုံများနဲ့လှပနေသော နေရာလေးက လင်းသုတအားစိတ်ကြည်နူးစေသယောင်...
လေပြေလေးများညင်သာစွာတိုက်ခက်နေသည်...
လင်းသုတချမ်းစိမ့်စိမ့်ဖြစ်လာ၍လက်ပိုက်လိုက်ပြီး...ပန်းပင်များကို ဆက်ကြည့်နေသည်...
ထိုစဉ်နွေးထွေးမှုတစ်စုံတစ်ရာ...
ထူးဈာန် အနွေးထည်အား နောက်ဘက်မှလင်းသုတအားခြုံပေးလိုက်သည်...
လင်းသုတလှည့်ကြည့်လိုက်ပြီး...
"ကျေးဇူးဘဲ"
သူစိမ်းဆန်သောစကားလုံးများက ထူးဈာန်အား စိတ်မသက်မသာဖြစ်စေသည်မှာအမှန်ပင်....
"ပန်းပင်တွေကိုသဘောကျတယ်မလား..."
ထူးဈာန် ,လင်းသုဘေးတွင်မက်တပ်ဝင်ရပ်လိုက်ပြီး...ပန်းပင်တွေကိုကြည့်ကာ..ပြောလိုက်သည်...
YOU ARE READING
AzureLove(မိုးပြာရောင်အချစ်)
Romance(Zawgyi) 🔞18+လေးတွေ.. နည်းနည်းပါမယ်.. ပထမဆုံးfixလေးမို့.. ဝေဖန်အကြံပြုကြပါအုံး.. အမှားပါရင်ခွင့်လွှတ် ပါ... ဆက်ကြိုးစားသွားပါအုံးမည်... ************************ ☁☁☁A Z U R E L O V E☁☁☁ 💙💙💙( မိုး ပြာ ရောင် အ ချစ်) 💙💙💙 💫**ThaeSuWai**💫 (u...