အပိုင်း(၂၉)

2.2K 105 5
                                    

(zawgyi)

မိုးသားများ ကင်းစင်နေပြီး ကောင်းကင်ကြီးမှာမိုးပြာရောင်သန်းကာ... ရာသီဥတုလှပသောနေ့လေးတစ်နေ့ပင်...

မိုးသားနဲ့မြူနှင်းတို့ စေ့စပ်ပွဲနေ့ဖြစ်သောကြောင့်
သူ့အလုပ်နှင့်သူ အလုပ်ကိုယ်စီ ရှုပ်နေကြလေသည်....

"ဈာန်ရေ... မြန်မြန်လုပ်ကွာ... ခနနေ လူကြီးတွေရောက်လာကြတော့မယ်.... "

"ပြီးပါပြီကွ... အစောကြီးတည်းကပြီးနေတာ.. "

အခန်းထဲကမြန်မာဆန်စွာ ပုဆိုးလေးဝတ်ဆင်ပါ သန့်ပြန့်နေသောထူးဈာန် ကို လင်းသုတခေါင်းအစ ခြေအဆုံး ကြည့်ပြီးနောက်...

ခါးမှဆွဲယူလိုက်ကာ ဖတ်လိုက်သည်... ထို့နောက် မျက်နှာကို အနားထိတိုးကပ်လာပြီးနောက်...

"ဒီနေ့မိန်းမအရမ်းလှနေတယ်.... "

ထူးဈာန်အတင်းရုန်းလိုက်ပြီး လင်းသုတရင်ဘက်ကိုလက်ဖြင့်ထုလိုက်သည်...

"သူများတွေ မြင်ကုန်တော့မှာဘဲ သုတ နော်.. "

လင်းသုတ ရှက်ကိုးရှက်ကန်းဖြစ်နေသော ထူးဈာန်ကိုကြည့်ကာ ပြုံးစိစိလုပ်နေလေသည်...

"အဟမ်း... "

ချောင်းဟန့်သံကြားလိုက်သောကြောင့် ထူးဈာန်ရော လင်းသုတပါ လှည့်ကြည့်လိုက်လေသည်...

"အကြည်စိုက်နေတာ ကြာအုံးမှာလားကိုကို.. ဧည့်သည်တွေလာတော့မယ် အကုန်ပြီးပြီလားကိုကို.. "

"ပြီးပါပြီ အမတော်လေးရဲ့... အမယ် ငါ့ညီမက တယ်လှနေပါလား..."

လင်းသုတပြောသလိုပါဘဲ... မိုးသားမှာ ခါတိုင်းနေ့များထက် မြန်မာဝတ်စုံလေးဖြင့်ပို၍ကျက်သရေ ရှိနေလေသည်

အိမ်ရှေ့တွင်ကားသံများကြားလိုက်လေသည်...

"လာကြပြီထင်တယ် သွားကြိုကြရအောင်... "
မိုးသားတို့ အိမ်ရှေ့ထွက်သွားပြီး ကြိုကြလေသည်..

ခြံထဲသို့ကားသုံးစီး ၀င်လာလေသည်....

ပထမဆုံးကားပေါ်မှ မြူနှင်းဆင်းလာလေသည်...

ဒုတိယ ကားထဲမှ လူကြီးများနှင့် ဒေါ်နှင်းနှင်းမေတို့ဆင်းလာကြသည်...

AzureLove(မိုးပြာရောင်အချစ်)Where stories live. Discover now