အပိုင်း(၂၃)

2.8K 116 8
                                        

(zawgyi)
မနက်စာပြင်ပေးနေသော မိုးသားအား...
ထိုင်ခုံကနေထိုင်ပြီး တစိမ့်စိမ့်ကြည့်နေလေသည်..

"ကို...ကိုအဲ့လိုကြီးဘာလို့ကြည့်နေတာလဲ..
မိုးမနေတက်တော့ဘူး.."

မြူနှင်း ပြုံးလိုက်ပြီး...

"မိုးကကိုယ့်အနာဂတ်ရဲ့ အိမ်ရှင်မလေး ဖြစ်လာမယ့်ပုံကို ကိုယ်ကမြင်ယောင်ကြည့်နေတာ..."

မြူနှင်း ထိုင်ခုံမှထလာပြီး မိုးသားဘက်သို့လျောက်
လာကာ.. သေးသွယ်သော မိုးသား၏ခါးလေးကို နောက်မှသိမ်းကာဖတ်လိုက်လေသည်...

"မိုးရယ်...ကိုရယ်...နှစ်ယောက်တည်း အိမ်လေးမှာ ပျော်ပျော်ရွှင်ရွှင်..အတူတူနေကြမယ်လေ...
နော်..မိုး..."
မြူနှင်း, မိုးသား၏လည်တိုင်လေးကိုနမ်းရှိုက်လိုက်သည်...

မိုးသား နောက်ဘက်သို့ လှည့်လိုက်ကာ
မြူနှင်းနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားလေသည်...

မြူနှင်းက မိုးသား၏ခါးလေးကို ဖတ်ထားမြဲပင်...

မိုးသားသည် မြူနှင်း၏ဆံနွယ်များကို လက်ဖြင့် သက်လိုက်ပြီး...

"အတူတူနေရမှာပေါ့..ကိုရယ်..."

မြူနှင်းလည်း မိုးသား၏ မေးစေ့လေးကိုအသာအယာဆွဲမကာ...
နှုတ်ခမ်းများဖြင့်..ချိုမြိန်သောအနမ်းများ..ခြွေလိုက်လေသည်....

နှစ်ဦးသားအနမ်းများခြွေနေခိုက်...

"ဒါကဘယ်လိုတွေဖြစ်နေကြတာတုန်း..."

မိုးသား, မြူနှင်းကို တွန်းဖယ်လိုက်သည်...

"မေမေ"

မြူနှင်း၏အမေပြန်ရောက်လာသည်ကို..မသိလိုက်ကြချေ....

မြမူနှင်းနှင့်မိုးသားတို့၏မြင်ကွင်းကြောင့် ထိတ်လန့်ကာ....

"မေမေ မေမေ သတိထားပါအုံး.."

မူးလဲသွားသော ဒေါ်နှင်းနှင်းမေ အား မိုးသားရော မြူနှင်းပါပြာပြာသလဲနှင့် ခေါ်နေကြလေသည်..

"ဆရာဝန် ဆရာဝန်ဆီဖုန်းဆက်ပေး မိုး.."

မိုးသား ဆရာဝန်ဆီကိုဖုန်းဆက်နေလေသည်...

မြူနှင်းကတော့ ဒေါ်နှင်းနှင်းမေအားတွဲကာ..ကုတင်ပေါ်တွင်နေရာချပေးထားသည်...

AzureLove(မိုးပြာရောင်အချစ်)Where stories live. Discover now